အောက်ခြေစစ်သားများ ပြောမှား ဆိုမှားရှိပါကတိုင်ကြားနိုင်ကြောင့် မတူပီမြို့တွင် ဒုတိုင်းမှူးကပြောကြား

ချင်းပြည်နယ်၊ မတူပီမြို့ကို စစ်ကောင်စီ၏ ပြည်နယ်အစိုးရအဖွဲ့ဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ရဟတ်ယာဉ်ဖြင့်ရောက်လာခဲ့ကြောင်း သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်၊ အခြားဌာနဆိုင်ရာ ဝန်ကြီးများနှင့် ဒုတိုင်းမှူးအပါအဝင် ရဟတ်ယာဉ်ဖြင့် ရောက်လာခဲ့ကာ ဒီည မတူပီမြို့တွင် ညအိပ်နားကြမယ်လို့ သိရပါတယ်။

မတူပီမြို့နယ် စစ်ကောင်စီ ဌာနဆိုင်ရာများနဲ့အစည်းအဝေးလုပ်ပြီး ဌာနဆိုင်ရာများဟာ တစ်နှစ်တာဆောင်ရွက်မှုများကို ပြည်နယ်ကို တင်ပြရကြောင်း သိရပါတယ်။

မတူပီမြို့ဟာ အခြားသော မြို့များထက် အအေးချမ်းဆုံးမြို့ဖြစ်ကြောင်း၊ မကြာခင် မြို့နယ်များအတွက် ဘတ်ဂျတ်ကျလာတော့မည်ဖြစ်သောကြောင့် ကိုယ့်ဘတ်ဂျတ်ကို ကိုယ်မယူလျှင် အခြားသူများယူသွားမှာဖြစ်သောကြောင့် ကိုယ်မဆုံးရှုံးရအောင် ဘတ်ဂျတ်ကို ယူရန်လိုကြောင်း စသည်ဖြင့် နှစ်သိမ့်လိုသော ပုံစံဖြင့် ပြည်နယ်အစိုးရက ပြောခဲ့ကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ မတူပီမြို့တွင် ဘာသာရေးအောက်အဦးနှင့် စီးပွားရေးလုပ်ငန်းသုံး မီတာခများကို မကြာခင်ကောက်ယူတော့မည်ဟု ပြည်နယ်ကို တင်ပြခဲ့ကြောင်းလည်း သိရပါတယ်။

ဒုတိုင်းမှူးကတော့ အောက်ခြေစစ်သားများ၏ ပြောမှား ဆိုမှားရှိပါကတိုင်ကြားနိုင်ကြောင်း ပြောခဲ့ကြောင်း ဆိုပါတယ်။ ပြည်နယ်အစိုးရဟာ ပြည်သူများ၏ အစေခံဖြစ်သောကြောင့် ကြိုက်သလို တွေ့ဆုံ တိုင်ကြား ဆွေးနွေးနိုင်ကြောင်းလည်း ပြောခဲ့ကြောင်း ဆိုပါတယ်။

ခုလို စစ်ကောင်စီ၏ ပြည်နယ်အဆင့်အထိ မတူပီမြို့ကို ရောက်လာခြင်းနဲ့ ပတ်သက်ပြီး “သူတို့ကတော့ ပြည်သူတွေ မုန်းနေမှန်းသိတော့ လာဖားတယ်လို့ပဲ မြင်တယ်” ဟု မြို့ခံတစ်ဦးက မှတ်ချက်ချပါတယ်။

မနေ့နိုဝင်ဘာ ၁၆ ရက်တွင်လည်း စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ တီးတိန်၊ ဖလမ်းမြို့သို့ ရဟတ်ယာဉ်နဲ့သွားရောက်ကြတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦး သတ်ဖြတ်ခံရပြီး ချင်းပြည်နယ်က သုံးဦး ပါ၀င်

၄၊စက်တင်ဘာ၊ ၂၀၂၄ Zalen ၂၀၂၄ ခုနှစ် ဩဂုတ်လ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ...

ဆက်ဖတ်ရန်