ဧဝံဂေလိဆရာတော် Lar Boih ကို ဒုတိယအကြိမ် ချုပ်ရမန်ယူ

သက်ငယ်မိန်းကလေးနှစ်ဦးကို မုဒိမ်းပြုကျင့်သည်ဟုစွပ်စွဲထားသော ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih ကို ယနေ့(ဧပြီ ၂၇)ရက်၌ ကလေးမြို့ ခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ချုပ်ရမန်ယူထားကြောင်းသတင်းရရှိသည်။

“မေလ(၁၁)ရက်နေ့ထိ ချုပ်ရမန်ထပ်ယူထားတယ်။ တတိယအကြိမ်ရုံးထုတ်ရမှာလည်း (၁၁)ရက်နေ့ပဲ။ အဲ့ချိန်မှာ အမှုဖြစ်စဉ်တွေကို တရားရုံးမှာတင်ပြမှာ”ဟု တာဟန်းရဲစခန်းမှတာဝန်ရှိသူကဆိုသည်။

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင်နေထိုင်သော ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih သည် ၎င်းနေအိမ်တွင် ဖလမ်းမြို့နယ်မှ လာရောက်နေထိုင်သော မိုင်…..(၁၅)နှစ်ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းတွင်လည်းကောင်း၊ မိုင်……(၁၄)နှစ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင်လည်းကောင်း အဓမ္မပြုကျင့်ရန်ကြိုးစားအားထုတ်မှု၊ နာကျင်စေမှုတို့ကြောင့် ကလေးမြို့နယ် ရဲစခန်းမှ ပုဒ်မ (၃၇၆/၅၁၁)၊ (၃၂၃)၊ (၅၀၆) တို့ဖြင့် ဧပြီလ(၁၃)ရက်တွင် အမှုဖွင့်ဖမ်းဆီးပြီး ချုပ်ရမန်ယူခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းများ

တမူးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွား

ဒီဇင်ဘာ ၂ရက်၊ ၂၀၂၅။ Zalen စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိ‌တွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။ ဒီဇင်ဘာ ၁ရက် မနက်အစောပိုင်းက တော်လှန်ရေးအင်အားစုများက တမူးမြို့နယ် စစ်ကောင်စီတပ်များ ဂိတ်ချထားတဲ့ တမူးမြို့အဝင် ...

ဆက်ဖတ်ရန်