ိစစ်ကောင်စီတပ်က PDF-Kalay စခန်းနားမှာ စီးစံရွာသားတစ်ဦးကို လည်လှီးသတ်ဖြတ်

ကလေးမြို့နယ်၊ စီးစံရွာသား ဦးဗျကနေဆန်း (၄၈နှစ်)ကို အာဏာသိမ်းစစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ ရက်တွင် သိမ်းပိုက်ခံရတဲ့ PDF-Kalay တပ်ရင်း ၃ စခန်းအနီးတွင် လည်လှီးသတ်ဖြတ်ခံရပြီး ဒီနေ့နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရွာသားတွေက အလောင်းသွားသယ်ကြပါတယ်။

ဦးဗျက်နေဆန်းဟာ တောယာမှာ ဝဥစိုက်ထားပြီး တစ်ယောက်တည်း တောယာမှာ နိုဝင်ဘာ ၁၄ ရက်က ညအိပ်ပါတယ်။

စီးစံရွာသားတစ်ဦးက “အဲ့နေ့ မနက်မှာ သူ့အမျိုးသမီးက ဖုန်းဆက်တယ်။ သူက ပဲသီးတွေခူးပြီးတော့ မနက် ၇ နာရီလောက်ပြန်လာခဲ့မယ်လို့နောက်ဆုံးစကားပြောကြတယ်။ အဲ့နောက်ပိုင်း တစ်နေကုန် ဖုန်းဆက်လို့မရဘူး။ နောက်တစ်နေ့မှာ ဖုန်းခေါ်တဲ့ချိန် ၂ ကြိမ်ဝင်တယ်။ ပြီးတော့ စက်ပိတ်ကြတယ်။ အဲ့ကတည်းကစပြီး မိသားစုဝင်တွေက တော်တော်စိတ်ပူကြတယ်။ သူ့ လွယ်အိတ်ထဲမှာ ဓားတစ်လက်၊ ရေဒီယို၊ ဖုန်း နဲ့ ပဲသီးတွေပါတယ်။ ဒါပေမယ့် ဓားနဲ့ ဖုန်းတော့မရှိတော့ဘူး။ လက်ကိုအရှေ့ဘက်မှာ ဘွတ်ဖိနပ်ကြိုးနဲ့ချီထားတယ်။ လည်ပင်းမှာ ဓားနဲ့လှီးဖြတ်ထားတယ်။ အသတ်ခံရတဲ့သူရဲ့ အစ်ကို နိုဝင်ဘာ ၁၅ ရက်မနက်ပိုင်းမှာ တောယာသွားတဲ့ချိန် အဲ့လမ်းကနေသွားတဲ့ချိန် စစ်သားတွေခြေရာတွေမတွေ့ဘူး။ နောက်တစ်နေ့ မနက်ပိုင်းပြန်လာတဲ့ချိန်မှာ တောင်ယာနားမှာ စစ်သား ၁၀၀ လောက်ရဲ့ ခြေရာတွေ၊ ထမင်းချက်တဲ့နေရာတွေတွေ့တယ်။ သိပ်မကြာခင်မှာပဲ PDF -Kalay စခန်းဘက်ကနေ သေနတ်သံတွေ ဗုံးပေါက်ကွဲသံတွေကြားရတယ်။ သဘောက စစ်သားတွေဟာ PDF -Kalay စခန်းမတိုက်ခင် သူတို့အနီးမှာ တစ်ညအိပ်ကြတဲ့သဘော။ စစ်သားတွေညအိပ်တဲ့နေရာကနေ PDF -Kalay စခန်း လှမ်းမြင်လို့ရတယ်။ တချို့က အခုသတ်ခံရတဲ့ လူက စခန်းနေရာလမ်းပြတယ်လို့ပြောကြတယ်။ ဒါမဟုတ်ပါဘူး။ သူ့ တောင်ယာနားမှာပဲ အသတ်ခံရတာပါ။ စစ်သားတွေက စက်မှုဇုံကနေ စက္ကန့်ရွာအနောက်ဘက်သွားကြတယ်။ ပြီးတော့ ဇီးချောင်းကနေ အနောက်ဘက်ကိုဆက်တက်ပြီးတော့ PDF -Kalay စခန်း အနောက်ဘက်တောင်ကနေပတ်လာကြပြီးတော့ စခန်းတောင်ဘက်ကနေ ဝင်တိုက်တဲ့သဘောပါ” လို့ပြောပါတယ်။

ဦးဗျက်နေဆန်းအလောင်းကို ယနေ့ နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီတွင် မြေမြုပ်သဂြိုလ်ကြပါတယ်။ ၄င်းတွင် သားသမီး ၄ ယောက်ရှိပြီး မိသားစုဝင်တွေက ကလေးမြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

Zawgyi

စစ္ေကာင္စီတပ္က PDF-Kalay စခန္းနားမွာ စီးစံရြာသားတစ္ဦးကို လည္လွီးသတ္ျဖတ္

ကေလးၿမိဳ႕နယ္၊ စီးစံရြာသား ဦးဗ်ကေနဆန္း (၄၈ႏွစ္)ကို အာဏာသိမ္းစစ္ေကာင္စီတပ္က ႏိုဝင္ဘာလ ၁၅ ရက္တြင္ သိမ္းပိုက္ခံရတဲ့ PDF-Kalay တပ္ရင္း ၃ စခန္းအနီးတြင္ လည္လွီးသတ္ျဖတ္ခံရၿပီး ဒီေန႔ႏိုဝင္ဘာ ၁၉ ရက္ေန႔တြင္ ရြာသားေတြက အေလာင္းသြားသယ္ၾကပါတယ္။

ဦးဗ်က္ေနဆန္းဟာ ေတာယာမွာ ဝဥစိုက္ထားၿပီး တစ္ေယာက္တည္း ေတာယာမွာ ႏိုဝင္ဘာ ၁၄ ရက္က ညအိပ္ပါတယ္။

စီးစံရြာသားတစ္ဦးက “အဲ့ေန႔ မနက္မွာ သူ႔အမ်ဳိးသမီးက ဖုန္းဆက္တယ္။ သူက ပဲသီးေတြခူးၿပီးေတာ့ မနက္ ၇ နာရီေလာက္ျပန္လာခဲ့မယ္လုိ႔ေနာက္ဆံုးစကားေျပာၾကတယ္။ အဲ့ေနာက္ပိုင္း တစ္ေနကုန္ ဖုန္းဆက္လို႔မရဘူး။ ေနာက္တစ္ေန႔မွာ ဖုန္းေခၚတဲ့ခ်ိန္ ၂ ၾကိမ္ဝင္တယ္။ ၿပီးေတာ့ စက္ပိတ္ၾကတယ္။ အဲ့ကတည္းကစၿပီး မိသားစုဝင္ေတြက ေတာ္ေတာ္စိတ္ပူၾကတယ္။ သူ႔ လြယ္အိတ္ထဲမွာ ဓားတစ္လက္၊ ေရဒီယို၊ ဖုန္း နဲ႔ ပဲသီးေတြပါတယ္။ ဒါေပမယ့္ ဓားနဲ႔ ဖုန္းေတာ့မရွိေတာ့ဘူး။ လက္ကိုအေရွ႕ဘက္မွာ ဘြတ္ဖိနပ္ၾကိဳးနဲ႔ခ်ီထားတယ္။ လည္ပင္းမွာ ဓားနဲ႔လွီးျဖတ္ထားတယ္။ အသတ္ခံရတဲ့သူရဲ႕ အစ္ကို ႏိုဝင္ဘာ ၁၅ ရက္မနက္ပိုင္းမွာ ေတာယာသြားတဲ့ခ်ိန္ အဲ့လမ္းကေနသြားတဲ့ခ်ိန္ စစ္သားေတြေျခရာေတြမေတြ႔ဘူး။ ေနာက္တစ္ေန႔ မနက္ပိုင္းျပန္လာတဲ့ခ်ိန္မွာ ေတာင္ယာနားမွာ စစ္သား ၁၀၀ ေလာက္ရဲ႕ ေျခရာေတြ၊ ထမင္းခ်က္တဲ့ေနရာေတြေတြ႔တယ္။ သိပ္မၾကာခင္မွာပဲ PDF -Kalay စခန္းဘက္ကေန ေသနတ္သံေတြ ဗံုးေပါက္ကြဲသံေတြၾကားရတယ္။ သေဘာက စစ္သားေတြဟာ PDF -Kalay စခန္းမတုိက္ခင္ သူတို႔အနီးမွာ တစ္ညအိပ္ၾကတဲ့သေဘာ။ စစ္သားေတြညအိပ္တဲ့ေနရာကေန PDF -Kalay စခန္း လွမ္းျမင္လို႔ရတယ္။ တခ်ဳိ႕က အခုသတ္ခံရတဲ့ လူက စခန္းေနရာလမ္းျပတယ္လို႔ေျပာၾကတယ္။ ဒါမဟုတ္ပါဘူး။ သူ႔ ေတာင္ယာနားမွာပဲ အသတ္ခံရတာပါ။ စစ္သားေတြက စက္မႈဇံုကေန စကၠန္႔ရြာအေနာက္ဘက္သြားၾကတယ္။ ၿပီးေတာ့ ဇီးေခ်ာင္းကေန အေနာက္ဘက္ကိုဆက္တက္ၿပီးေတာ့ PDF -Kalay စခန္း အေနာက္ဘက္ေတာင္ကေနပတ္လာၾကၿပီးေတာ့ စခန္းေတာင္ဘက္ကေန ဝင္တိုက္တဲ့သေဘာပါ” လို႔ေျပာပါတယ္။

ဦးဗ်က္ေနဆန္းအေလာင္းကို ယေန႔ ႏိုဝင္ဘာ ၁၉ ရက္ ညေန ၄ နာရီတြင္ ေျမျမဳပ္သျဂိဳလ္ၾကပါတယ္။ ၄င္းတြင္ သားသမီး ၄ ေယာက္ရွိၿပီး မိသားစုဝင္ေတြက ကေလးၿမိဳ႕ေပၚမွာ ထြက္ေျပးတိမ္းေရွာင္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်