လေမြိုချောင်းမှာရေနစ်သေဆုံးသွားတဲ့သူကို ၃ ရက်ကြာမှ အလောင်းပြန်တွေ့

လေမြိုချောင်းမှာရေနစ်သေဆုံးသွားတဲ့သူကို ၃ ရက်ကြာမှ အလောင်းပြန်တွေ့

သူငယ်ချင်းတွေနဲ့ ငါးရှာထွက်ရင်း လေမြိုချောင်းမှာ ရေနစ်သေဆုံးသွားတဲ့ ဦးဗန်နေထန်း(U Van Nei Thang) ၄၂ နှစ်ရဲ့ အလောင်းကို ဒီနေ့ နေ့လည် ၁၂ နာရီမှာပြန်တွေ့ကြတယ်လို့သတင်းရရှိပါတယ်။

မတူပီမြို့ စန်ဘောင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးဗန်နေထန်းဟာ ဇူလိုင် ၁၇ ရက်တွင် သူငယ်ချင်း နှစ်ယောက်နဲ့ ငါးရှာဖို့တောထဲသွားကြပါတယ်။ လေမြိုချောင်းကိုဖြတ်ကူးပြီးတစ်ဖက်ကမ်းရောက်တဲ့ချိန်မှာ အပေါ့သွားမယ်ဆိုပြီး ပြန်မပေါ်လာတော့ပါ။ ၎င်းသူငယ်ချင်းနှစ်ယောက်ကလည်း လိုက်လံရှာဖွေရာမှမတွေ့သဖြင့် ယင်းနေ့ည ၁၀ နာရီတွင်အဖွဲ့လိုက်စတင်ရှာဖွေကြပါတယ်။ ဒီနေ့ ဇူလိုင်လ ၂၀ ရက်တွင် မတူပီမြို့နယ်နဲ့ မင်းတပ်မြို့နယ် အစပ် အမ်ဆွေးရွာအနီးမှာ အလောင်းကိုပြန်တွေ့ကြပါတယ်။ ၎င်းရေထဲပြုတ်ချသွားတဲ့နေရာနဲ့ အလောင်းပြန်တွေ့တဲ့နေရာဟာ မိုင် ၃၀ နီးပါးလောက်ကွာဝေးပါတယ်။

ဦးဗန်နေထန်းဟာ ဇနီးနဲ့ ကလေးနှစ်ယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်