လေမြိုချောင်းမှာရေနစ်သေဆုံးသွားတဲ့သူကို ၃ ရက်ကြာမှ အလောင်းပြန်တွေ့

လေမြိုချောင်းမှာရေနစ်သေဆုံးသွားတဲ့သူကို ၃ ရက်ကြာမှ အလောင်းပြန်တွေ့

သူငယ်ချင်းတွေနဲ့ ငါးရှာထွက်ရင်း လေမြိုချောင်းမှာ ရေနစ်သေဆုံးသွားတဲ့ ဦးဗန်နေထန်း(U Van Nei Thang) ၄၂ နှစ်ရဲ့ အလောင်းကို ဒီနေ့ နေ့လည် ၁၂ နာရီမှာပြန်တွေ့ကြတယ်လို့သတင်းရရှိပါတယ်။

မတူပီမြို့ စန်ဘောင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးဗန်နေထန်းဟာ ဇူလိုင် ၁၇ ရက်တွင် သူငယ်ချင်း နှစ်ယောက်နဲ့ ငါးရှာဖို့တောထဲသွားကြပါတယ်။ လေမြိုချောင်းကိုဖြတ်ကူးပြီးတစ်ဖက်ကမ်းရောက်တဲ့ချိန်မှာ အပေါ့သွားမယ်ဆိုပြီး ပြန်မပေါ်လာတော့ပါ။ ၎င်းသူငယ်ချင်းနှစ်ယောက်ကလည်း လိုက်လံရှာဖွေရာမှမတွေ့သဖြင့် ယင်းနေ့ည ၁၀ နာရီတွင်အဖွဲ့လိုက်စတင်ရှာဖွေကြပါတယ်။ ဒီနေ့ ဇူလိုင်လ ၂၀ ရက်တွင် မတူပီမြို့နယ်နဲ့ မင်းတပ်မြို့နယ် အစပ် အမ်ဆွေးရွာအနီးမှာ အလောင်းကိုပြန်တွေ့ကြပါတယ်။ ၎င်းရေထဲပြုတ်ချသွားတဲ့နေရာနဲ့ အလောင်းပြန်တွေ့တဲ့နေရာဟာ မိုင် ၃၀ နီးပါးလောက်ကွာဝေးပါတယ်။

ဦးဗန်နေထန်းဟာ ဇနီးနဲ့ ကလေးနှစ်ယောက်ရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်ကိုလေကြောင်း တိုက်ခိုက်မှု ပြုလုပ်မည်ဟု ဦးလှဆွေ ခြိမ်းခြောက်

မေ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိနေသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေက ခြိမ်းခြောက်ထားပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်ပြီးနောက် ...

ဆက်ဖတ်ရန်