၂ရက်အတွင်း မင်းတပ်-မတူပီကြားလမ်းမှာ CDF-MINDAT နဲ့ ရွာသားတွေပူးပေါင်းပြီး အာဏာသိမ်း စကစတပ် ၁၈ ယောက်ချေမှုန်းနိုင်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ နဲ့ မတူပီမြို့ကြားမှာ နိုဝင်ဘာလ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့တို့တွင် CDF-MINDAT နဲ့ ရွာသားတွေပူးပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်သား ၁၈ ယောက်ကို ချေမှုန်းသတ်ဖြတ်နိုင်ခဲ့တယ်လို့ CDF-MINDATဘက်ကထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ မနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် ၃၁ မိုင်ရောက်လာသော စကစယဉ်တန်းနှင့် CDF-Mindat တို့ တိုက်ပွဲဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲတွင် ဒေသခံရွာသားများနှင့် CDF-MINDAT တို့ပူးပေါင်းပြီး ကားလမ်းဘေး ရေနုတ်မြောင်ကြား၊ သစ်ပင်ပေါ်များတွင် နေရာယူပြီး စကစယဉ်တန်းကို တူမီးများနှင့် အနီးကပ် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင် စကစ ၈ ဦးခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ စကစတပ်များ လွန်ခဲ့သောအပတ်က စကစတပ်များ မတူပီသို့ အလာလမ်းတွင် ရွာသားများ၏ နွားနောက်များ သတ်စားခြင်း၊ အိုးအိမ်ပစ္စည်းအမျိုးမျိုးကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံရွာသားများက တက်တက်ကြွကြွပါဝင် တိုက်ခိုက်ကြခြင်းဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းတွင် မိုင်တိုင် ၂၆ ဝန်းကျင်၌ မနက် ၉ နာရီမှ ၁၀ နာရီအထိ CDF-Mindat နှင့် စကစယဉ်တန်းရှေ့ ကင်းထွက်လာသော စကစတပ်များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။ CDF-Mindat ၏ ဆီးကြိုတိုက်ခိုက်မှုကြောင့် ရှေ့ကင်းထွက်လာသော စကစတပ်သား ၁၀ ဦးလုံး ကတ္တရာလမ်းပေါ် ကျဆုံးခဲ့သည်။ နောက်ဘက် စကစယဉ်တန်းမှ လက်နက်ကြီးများ၊ သံချပ်ကာများ၊ စက်သေနတ်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်သောကြောင့် လက်နက်များကောက်ယူရန် မဖြစ်နိုင်ခဲ့ပေ။ CDF-Mindat မှ ပေါင်တွင်ကျည်ဒဏ်ရာရသူ တစ်ဦးရှိပြီး မစိုးရိမ်ရပေ။

နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်း ၂ နာရီခွဲ အချိန်တွင်လည်း နောက်မှတောက်လျှောက်လိုက်လာသော CDF-Mindat ရဲဘော်များက မိုင်တိုင် ၂၅ မိုင် ဝန်းကျင်တွင် စကစယဉ်တန်းကို အနီးကပ် ဝင်တိုက်ခဲ့သည်။ တိုက်ပွဲချိန် ၂ နာရီ နီးပါး ကြာမြင့်ခဲ့ပြီး CDF-Mindat ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စကစ အများအပြား ဒဏ်ရာရခဲ့ပြီး ၈ ဦးခန့် ကျဆုံးမည်ဟု ခန့်မှန်းရသည်။ CDF-MINDAT မှ ဒဏ်ရာရသူ တစ်ဦးမှ မရှိဘဲ ပြန်ဆုတ်လာခဲ့သည်။
၃၁ မိုင် ဝန်းကျင်တွင်လည်း လမ်းဘေးတွင် စကစ ‌ရဲသား တစ်ဦး၏အလောင်းကို မြုပ်ထားသည်ကို တွေ့ရပြီး ယဉ်တန်းတွင် စကစ စစ်သားများသာမက ရဲသားများ၊ မီးသတ်များ လည်း ပါလာသည်ဟု ယူဆရသည်။

CDF-MINDAT ပြောရေးဆိုခွင့်ရှိသူက “ဒီနေ့ ရှေ့တန်းရောက်တယ်။ အရင်ကလည်း ရောက်ဖူးပါတယ်။ ဒါပေမဲ့ မတူဘူး။ နေ့လယ်ပိုင်း တိုက်ပွဲစကြတော့ ခပ်လှမ်းလှမ်းက ကြားရတာတောင် တကယ့် အူတုန်အသည်းတုန်ပဲ။ စက်လတ်၊ ၄၀ မမ၊ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ၊ RPG၊ သံချပ်ကာ (.5) တွေနဲ့ မနားတမ်း ပစ်တာ။ ပစ်လဲပစ်နိုင်လွန်းတယ်။ ခုဆို ကိုယ်တွေလည်း လက်နက်ကြီးသံတွေနဲ့ အကျွမ်းဝင်ပြီ ယူဆထားတာ။ အခုတော့ ဒီပုံစံလက်နက်ကြီးသံတွေနဲ့ဆို တော်ရုံလူ ဒူးခွေပြီးဖျားသွားမှာသေချာတယ်။ ဒီကြားထဲ ရဟတ်ယဉ်ဝဲလာလို့ အသည်းအသန် ပြေးပုန်းရသေးတယ်။ ကိုယ့်လူတွေကျတော့ မအလ လှူထားတဲ့ မောင်းပြန်တွေ၊ ခါးချိုးတွေ၊ တူမီးတွေနဲ့ ပြန်ကြဲတာ။ စိတ်မကောင်းဖြစ်ရသလို အရမ်းဂုဏ်ယူရတယ်။ တကယ့် သတ္တိခဲတွေ။ မင်းတပ်-မတူပီလမ်းတလျှောက်လုံး ရှေ့ကတမျိုး၊ နောက်ကတမျိုး စကစတွေ ဖြုတ်လာတာ။ ဒီတပွဲဆို ရိုးရာတူမီးတွေပါ ပြန်သုံးလာကြပြီ။ ဒီနေ့ပွဲအပြီး အားလုံးဘေးကင်းကြတယ်သိရမှ စိတ်အေးတော့တယ်။ မုန့်ဟင်းခါး ၁၈ပွဲလောက်။ နောက်နေ့တွေလာဦးမယ်။ မင်းတပ်-မတူပီ လမ်းတလျှောက်မှာလည်း ကျည်ခွံတွေချည်း။ စကစတွေ ကျန်ခဲ့တဲ့ ဆေးထိုးအပ်တွေ၊ ပတ်တီးတွေနဲ့ လှပတဲ့ချင်းတောင်တွေ အကျည်းတန်နေတယ်” လို့ ၄င်းလူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi

၂ရက္အတြင္း မင္းတပ္-မတူပီၾကားလမ္းမွာ CDF-MINDAT နဲ႔ ရြာသားေတြပူးေပါင္းၿပီး အာဏာသိမ္း စကစတပ္ ၁၈ ေယာက္ေခ်မႈန္းႏိုင္ခဲ့

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ နဲ႔ မတူပီၿမိဳ႕ၾကားမွာ ႏိုဝင္ဘာလ ၆ ရက္ေန႔ နဲ႔ ၇ ရက္ေန႔တို႔တြင္ CDF-MINDAT နဲ႔ ရြာသားေတြပူးေပါင္းၿပီး အာဏာသိမ္း စစ္ေကာင္စီတပ္သား ၁၈ ေယာက္ကို ေခ်မႈန္းသတ္ျဖတ္ႏိုင္ခဲ့တယ္လုိ႔ CDF-MINDATဘက္ကထုတ္ျပန္ထားပါတယ္။

ႏိုဝင္ဘာ ၆ ရက္ေန႔ မနက္ ၁၁ နာရီခြဲ ဝန္းက်င္တြင္ ၃၁ မိုင္ေရာက္လာေသာ စကစယဥ္တန္းႏွင့္ CDF-Mindat တို႔ တိုက္ပြဲျဖစ္ခဲ့သည္။ ယင္းတိုက္ပြဲတြင္ ေဒသခံရြာသားမ်ားႏွင့္ CDF-MINDAT တို႔ပူးေပါင္းၿပီး ကားလမ္းေဘး ေရႏုတ္ေျမာင္ၾကား၊ သစ္ပင္ေပၚမ်ားတြင္ ေနရာယူၿပီး စကစယဥ္တန္းကို တူမီးမ်ားႏွင့္ အနီးကပ္ ခ်ဳံခိုတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ တိုက္ပြဲတြင္ စကစ ၈ ဦးခန႔္ က်ဆုံးၿပီး အမ်ားအျပား ဒဏ္ရာရခဲ့သည္။ စကစတပ္မ်ား လြန္ခဲ့ေသာအပတ္က စကစတပ္မ်ား မတူပီသို႔ အလာလမ္းတြင္ ရြာသားမ်ား၏ ႏြားေနာက္မ်ား သတ္စားျခင္း၊ အိုးအိမ္ပစၥည္းအမ်ိဳးမ်ိဳးကို ဖ်က္ဆီးခဲ့ျခင္းေၾကာင့္ ေဒသခံရြာသားမ်ားက တက္တက္ႂကြႂကြပါဝင္ တိုက္ခိုက္ၾကျခင္းျဖစ္သည္။

ႏိုဝင္ဘာလ ၇ ရက္ေန႔ မနက္ပိုင္းတြင္ မိုင္တိုင္ ၂၆ ဝန္းက်င္၌ မနက္ ၉ နာရီမွ ၁၀ နာရီအထိ CDF-Mindat ႏွင့္ စကစယဥ္တန္းေရွ႕ ကင္းထြက္လာေသာ စကစတပ္မ်ား ထိေတြ႕တိုက္ပြဲျဖစ္ခဲ့သည္။ CDF-Mindat ၏ ဆီးႀကိဳတိုက္ခိုက္မႈေၾကာင့္ ေရွ႕ကင္းထြက္လာေသာ စကစတပ္သား ၁၀ ဦးလုံး ကတၱရာလမ္းေပၚ က်ဆုံးခဲ့သည္။ ေနာက္ဘက္ စကစယဥ္တန္းမွ လက္နက္ႀကီးမ်ား၊ သံခ်ပ္ကာမ်ား၊ စက္ေသနတ္မ်ားျဖင့္ အျပင္းအထန္ ခုခံတိုက္ခိုက္ေသာေၾကာင့္ လက္နက္မ်ားေကာက္ယူရန္ မျဖစ္နိုင္ခဲ့ေပ။ CDF-Mindat မွ ေပါင္တြင္က်ည္ဒဏ္ရာရသူ တစ္ဦးရွိၿပီး မစိုးရိမ္ရေပ။

ႏိုဝင္ဘာလ ၇ ရက္ေန႔ ေန႔လည္ပိုင္း ၂ နာရီခြဲ အခ်ိန္တြင္လည္း ေနာက္မွေတာက္ေလၽွာက္လိုက္လာေသာ CDF-Mindat ရဲေဘာ္မ်ားက မိုင္တိုင္ ၂၅ မိုင္ ဝန္းက်င္တြင္ စကစယဥ္တန္းကို အနီးကပ္ ဝင္တိုက္ခဲ့သည္။ တိုက္ပြဲခ်ိန္ ၂ နာရီ နီးပါး ၾကာျမင့္ခဲ့ၿပီး CDF-Mindat ၏ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ စကစ အမ်ားအျပား ဒဏ္ရာရခဲ့ၿပီး ၈ ဦးခန႔္ က်ဆုံးမည္ဟု ခန႔္မွန္းရသည္။ CDF-MINDAT မွ ဒဏ္ရာရသူ တစ္ဦးမွ မရွိဘဲ ျပန္ဆုတ္လာခဲ့သည္။
၃၁ မိုင္ ဝန္းက်င္တြင္လည္း လမ္းေဘးတြင္ စကစ ‌ရဲသား တစ္ဦး၏အေလာင္းကို ျမဳပ္ထားသည္ကို ေတြ႕ရၿပီး ယဥ္တန္းတြင္ စကစ စစ္သားမ်ားသာမက ရဲသားမ်ား၊ မီးသတ္မ်ား လည္း ပါလာသည္ဟု ယူဆရသည္။

CDF-MINDAT ေျပာေရးဆိုခြင့္ရွိသူက “ဒီေန႔ ေရွ႕တန္းေရာက္တယ္။ အရင္ကလည္း ေရာက္ဖူးပါတယ္။ ဒါေပမဲ့ မတူဘူး။ ေန႔လယ္ပိုင္း တိုက္ပြဲစၾကေတာ့ ခပ္လွမ္းလွမ္းက ၾကားရတာေတာင္ တကယ့္ အူတုန္အသည္းတုန္ပဲ။ စက္လတ္၊ ၄၀ မမ၊ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ၊ RPG၊ သံခ်ပ္ကာ (.5) ေတြနဲ႔ မနားတမ္း ပစ္တာ။ ပစ္လဲပစ္နိုင္လြန္းတယ္။ ခုဆို ကိုယ္ေတြလည္း လက္နက္ႀကီးသံေတြနဲ႔ အကၽြမ္းဝင္ၿပီ ယူဆထားတာ။ အခုေတာ့ ဒီပုံစံလက္နက္ႀကီးသံေတြနဲ႔ဆို ေတာ္႐ုံလူ ဒူးေခြၿပီးဖ်ားသြားမွာေသခ်ာတယ္။ ဒီၾကားထဲ ရဟတ္ယဥ္ဝဲလာလို႔ အသည္းအသန္ ေျပးပုန္းရေသးတယ္။ ကိုယ့္လူေတြက်ေတာ့ မအလ လႉထားတဲ့ ေမာင္းျပန္ေတြ၊ ခါးခ်ိဳးေတြ၊ တူမီးေတြနဲ႔ ျပန္ၾကဲတာ။ စိတ္မေကာင္းျဖစ္ရသလို အရမ္းဂုဏ္ယူရတယ္။ တကယ့္ သတၱိခဲေတြ။ မင္းတပ္-မတူပီလမ္းတေလၽွာက္လုံး ေရွ႕ကတမ်ိဳး၊ ေနာက္ကတမ်ိဳး စကစေတြ ျဖဳတ္လာတာ။ ဒီတပြဲဆို ရိုးရာတူမီးေတြပါ ျပန္သုံးလာၾကၿပီ။ ဒီေန႔ပြဲအၿပီး အားလုံးေဘးကင္းၾကတယ္သိရမွ စိတ္ေအးေတာ့တယ္။ မုန႔္ဟင္းခါး ၁၈ပြဲေလာက္။ ေနာက္ေန႔ေတြလာဦးမယ္။ မင္းတပ္-မတူပီ လမ္းတေလၽွာက္မွာလည္း က်ည္ခြံေတြခ်ည္း။ စကစေတြ က်န္ခဲ့တဲ့ ေဆးထိုးအပ္ေတြ၊ ပတ္တီးေတြနဲ႔ လွပတဲ့ခ်င္းေတာင္ေတြ အက်ည္းတန္ေနတယ္” လုိ႔ ၄င္းလူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပထားပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်