၂၀၂၀ ရွေးကောက်ပွဲမှာ NLD က အစိုးရဖွဲ့နိုင်မလာ?

Pastor Salai Bawi Cung Lian

၁။ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် (၂၂၄) ဦးရှိပါတယ်။ ၎င်းတို့မှာ-
ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ် (၈၄)ဦး၊ တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ် (၈၄)ဦး၊ တပ်မတော်မှ (၅၆)ဦး အားလုံးစုစုပေါင်း (၂၂၄)ဦးရှိပါတယ်။

၂။ ပြီးတော့ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် (၄၄၀) ဦးရှိပါတယ်။ ၎င်းတို့မှာ –
ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ် (၁၂၃)ဦး၊ တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ် (၂၀၇)ဦး၊ တပ်မတော်မှ (၁၁၀)ဦး အားလုံးစုစုပေါင်း (၄၄၀) ဦးရှိပါတယ်။

NLD ပါတီက တိုင်းဒေသကြီးအားလုံး အနိုင်ရခဲ့မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် (၂၉၁)ဦး ပိုင်ဆိုင်ပါမယ်။ NLD က အစိုးရဖွဲ့နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ် (၃၃၃)ဦးရှိဖို့လိုပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီး မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရဖို့ ဆိုတာ မသေချာပါဘူး။

Zalen ad

ဒါကြောင့် NLD ပါတီက အစိုးရဖွဲ့နိုင်ဖို့ ပြည်နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရဖို့လိုပါမယ်။ ဒါပေမယ့် ပြည်နယ်တွေမှာ NLD ပါတီကို အယုံကြည်သိပ်မရှိတော့တာကြောင့် ၂၀၁၅ တုန်းကလိုမဲပြန်ထည့်ကြမယ် မထင်တော့ပါဘူး။

ပြည်နယ်တွေမှာ NLD ပါတီကို မဲမပေးရင် NLD အတွက် အစိုးရဖွဲ့ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ကျနော်တွေးနေတာကတော့ ပြည်နယ်မှာနေထိုင်တဲ့ ပြည်သူတွေဟာ အင်အားမရှိတဲ့သူတွေမဟုတ်ဘူး။ ပါဝါမရှိတဲ့သူတွေမဟုတ်ဘူး။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပေါ်ပေါက်လာဖို့ နိုင်ငံတည်ထောင်တဲ့သူတွေဖြစ်သဖြင့် အစိုးရတစ်ရပ်တည်ထောင်ဖို့ အန်မတန်အရေးပါပါတယ်။

ကျနော်တို့ဟာ သူများနောက်လိုက်ရမလာ။ သူတစ်ပါးပေးတဲ့အချိန်ကိုပဲ ဆက်စောင့်နေကြမလာ။
ဒါမှမဟုတ်
ကိုယ့်နယ်မြေ၊ ကိုယ့်လူမျိုးကိုချစ်မြစ်နိုးပြီး နိုင်ငံတစ်နိုင်ငံကို ပူးတွဲတည်ထောင်သူအဆင့်နဲ့ အစိုးရကို တည်ထောင်မလာ။
ကျနော်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ သင်ဘယ်ဟာကို ရွေးချယ်မလဲ။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်