ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ အများဆုံး မဲဆန္ဒပေး

ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မတူပီ (၇၀)ရာခိုင်နှုန်းနဲ့ ကန်ပက်လက်မြို့နယ် (၆၀)ရာခိုင်နှုန်းတို့ဖြစ် အများဆုံးလာရောက်မဲပေးကြပါတယ်။

မတူပီမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ (၁၇,၀၀၀)ကျော်အနက် (၁၂,၀၀၀)ကျော် ရာခိုင်နှုန်းဖြစ် (၇၀) ရာခိုင်နှုန်းက လာရောက်မဲပေးခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူအချို့ကအတည်ပြုပြောကြားပါတယ်။

တခြား မဲဆန္ဒနယ်တွေမှာဆို မဲပေးသူဦးရေ ရာခိုင်နှုန်း (၅၀)အထက်ရှိတဲ့ မဲဆန္ဒနယ်လေးခု သာရှိပြီး ကျန်မဲဆန္ဒနယ် ကိုးခုတွင် ရာခိုင်နှုန်း(၃၀)နဲ့ (၄၀)ကျော်သာရှိပါတယ်။

ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်တွင် (၅၅)ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်အမှတ်(၂)မဲဆန္ဒနယ်တွင် (၅၄)ရာခိုင်နှုန်း မဲလာပေးကြပါတယ်။ အုတ်တွင်းမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူခြောက်သောင်းခန့်အနက် နှစ်သောင်းခြောက်ထောင်ကျော်( ၄၄ ဒသမ ၈ ရာခိုင်နှုန်း)ကလာရောက်ဆန္ဒမဲပေးကြပါတယ်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် ၃၄ ဒသမ ၇၃ ရာခိုင်နှုန်း၊ မင်းဘူးအမှတ်(၂)မဲန္ဒနယ်တွင် (၃၃) ရာခိုင်နှုန်း၊ တာမွေမဲဆန္ဒနယ်တွင် (၃၂)ရာခိုင်နှုန်း၊ လဲချားမဲဆန္ဒနယ်တွင် (၃၀)ရာခိုင်နှုန်း၊ မြင်းခြံမဲဆန္ဒနယ်တွင် (၄၀)ရာခိုင်နှုန်း၊ သပိတ်ကျင်း အမှတ်(၁)မဲဆန္ဒနယ်တွင် (၄၅)ရာခိုင်နှုန်းခန့် အသီးသီးလာရောက် မဲပေးကြပါတယ်။

နိုဝင်ဘာ(၃)ရက်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၇)နေရာ၊ ပြည်ခိုင်ဖြိုးပါတီက(၃)နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာနဲ့ တစ်သီးပုဂ္ဂလ တစ်ဦးက တစ်နေရာစီ အနိုင်ရရှိကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လစ်လပ်မဲဆန္ဒနယ် အားလုံး(၁၃)နေရာမှာဝင်ရောက်ယှဉ်ပြိုင်ပြီး လဲချား၊ မြစ်ကြီးနား၊ ရသေ့တောင်၊ မတူပီ၊ တမူး၊ ဆိပ်ကမ်း မဲဆန္ဒနယ်တွေမှာ ရှုံးနိမ့်သွားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်