ကန်ပက်လက်မှာ CPP ကCNDP ကိုယ်စားလှယ်လောင်းကိုထောက်ခံဆန္ဒပြုကြဖို့တိုက်တွန်း

နိုဝင်ဘာ(၃)ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ CNDP ပါတီရဲ့ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကီးထန်းလွန်းကို ထောက်ခံဆန္ဒပြုကြဖို့ CPPကတိုက်တွန်းကြောင်းကြေညာချက်ကို အောက်တိုဘာ(၁၉)ရက်ကထုတ်ပြန်ပါတယ်။

အခုလို CPPကကြေညာချက်ထုတ်ပြန်ထားပေမယ့် CPPပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားရှင်း မှာဆန္ဒရှိပါက ဆက်လက်အရွေးခံမယ်လို့သိရပါတယ်။

ချင်းတိုးတက်ရေးပါတီ(CPP)ပါတီမှ တာဝန်ရှိသူတစ်ယောက်က “သုံးပါတီမပေါင်းစည်းခင်မှာရော၊ ပေါင်းစည်းပြီးတဲ့ချိန်မှာရော ဦးမနားရှင်းကို အကြိမ်ကြိမ်နှုတ်ထွက်ဖို့ညိုနှိုင်းပေမယ့်မရဘူး။ ဒီကြေညာချက်ထုတ်ပြန်ပြီးနောက်မှာ သူကြိုက်ရင်လည်းဝင်ပြိုင်မယ်။ မကြိုက်ရင် မပြိုင်တော့ဘူးပေါ့။ ဘာလို့ဒီလိုညိုနှိုင်းရတာလဲဆိုရင် ဒီမိုကရေစီရင့်ကျက်ပြီးသားနိုင်ငံမှာဆိုရင်တော့ ဘယ်နယောက်ပြိုင်ပြိုင်ရတယ်။ အခုတော့ ဒေသတွင်းမှာ မလိုလားအပ်တဲ့ အားပြိုင်မှုတွေပိုမိုများပြားလာမှာစိုးရိမ်လို့ပါ။ CPP သဘောထားကြီးမှုကိုပြချင်တာမဟုတ်ဘူး။ ကျနော်တို့လည်း စိတ်မကောင်းစွာထုတ်ပြန်လိုက်တာပါ”လို့ပြောပါတယ်။

Zalen ad

ဒီကိစ္စနဲ့ပတ်သက်ပြီး ကန်ပက်လက်မြို့နယ် CPP ကိုယ်စားလှယ်လောင်း ဦးမနားရှင်းကို ဖုန်းနဲ့ဆက်သွယ်သော်လည်း နယ်ဆင်းနေသဖြင့် ဆက်သွယ်လို့မရပါ။

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာကို ပြည်မပါတီတွေဖြစ်တဲ့ NLD, USDP တို့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ သန်ခေါင်စာရင်းမှာ မြန်မာစစ်ရှောင်များကိုလည်းထည့်သွင်းရေတွက်မယ်

ဧပြီလ ၁၆၊ ၂၀၂၆ Zalen လက်ရှိကောက်ယူနေတဲ့ အိန္ဒိယ သန်ခေါင်စာရင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်ခိုလှုံကြတဲ့ စစ်ရှောင်များကိုပါ ထည့်သွင်းရေတွက်သွားမယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ် သန်ခေါင်စာရင်း မှာလည်း အိမ်နီးချင်း ပြည်နယ် ...

ဆက်ဖတ်ရန်