ကိုဗစ်(၁၉)ရောဂါလက္ခဏာတွေ ခံစားလာရရင် ဘာတွေလုပ်ရမလဲ

The Voice
ဦးစွာကိုဗစ်(၁၉)ရဲ့ရောဂါလက္ခဏာတွေကို ဦးစွာပြောပြပေးလိုပါတယ်။လက္ခဏာတွေကတော့အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊အသက်ရှုမဝတာ၊အသက်ရှုခက်ခဲတာ၊အားအင်ကုန်ခမ်းတာတွေဖြစ်ပါတယ်။ကနဦးမှာတော့ ကိုယ်အပူချိန်မြင့်တက်လာပြီး ချောင်းခြောက်ဆိုးလာတတ်ပါတယ်။တစ်ပတ်အကြာမှာတော့ အားအင်ကုန်ခမ်း ပြီးအသက်ရှုကြပ်တာတွေဖြစ်လာမှာပါ။

ကိုဗစ်(၁၉)နဲ့ပတ်သတ်ပြီး ဘာလက္ခဏာမှမပြဘဲလည်း ဖြစ်တတ်တာကိုတော့သိထားစေလိုပါတယ်။ကိုဗစ် (၁၉)ကူးစက်ခံရမှုမှာအဆင့်တွေလိုက်ပြီး လက္ခဏာတွေမတူတာကိုသိရပါတယ်။ရောဂါကူးစက်မှုခံရသူ တစ်ယောက်နဲ့တစ်ယောက်မှာ အဆင့်တွေမတူကြပါဘူး။အဆင့်ခွဲမယ်ဆို မပြင်းထန်အဆင့်၊အတန်အသင့်အ ဆင့်၊ပြင်းထန်အဆင့်၊အပြင်းထန်ဆုံးအဆင့်တွေပါ။
-မပြင်းထန်တဲ့အဆင့်မှာဆို ပုံမှန်အဖျားတက်သလိုဖြစ်မယ်၊အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ် မယ်။ချောင်းခြောက်ဆိုးမယ်၊နာကျင်ကိုက်ခဲမယ်။ဒါတွေကသာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။

-အတန်အသင့်အဆင့်မှာဆိုချောင်းဆိုးမယ်၊အဖျားက ၁၀၀.၄ဒီဂရီဖာရင်ဟိုက်ရှိမယ်။ချမ်းမယ်၊အိပ်ယာထဲကမ ထချင်ဖြစ်နေမယ်။

-ပြင်းထန်အဆင့်ကိုရောက်လာတဲ့အခါမှာတော့ အဆုတ်ပါရောင်လာမယ်။

-အပြင်းထန်ဆုံးအဆင့်မှာတော့ အဆုတ်ပါပျက်စီးပြီးအသက်အန္တရာယ်ကိုတောင်ထိခိုက်လာနိုင်ပါပြီ။ ဒါတွေကတော့ ကိုဗစ်(၁၉)နဲ့ပတ်သတ်ပြီး ခံစားရမယ့်လက္ခဏာတွေပါ။အကယ်၍ကိုယ့်မှာသာအဲ့လက္ခဏာတစ် ခုခုခံစားလာရပြီဆို ဘယ်သူ့ကိုမှမကူးအောင် ကိုယ့်ကိုယ့်ကိုယ်တစ်ကိုယ်ရေထိန်းချုပ်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။ ကိုယ့်မှာသာလက္ခဏာတစ်ခုခုခံစားလာရပြီဆို နီးစပ်ရာဆေးရုံကိုဖုန်းခေါ်လိုက်သင့်ပါတယ်။မိမိဘယ်သွားခဲ့ တယ်၊ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကို ရိုးသားစွာပြောပြလိုက်ဖို့လိုပါတယ်။သင့်ရဲ့ဧရိယာမွာ မိသားစုဝင်တွေ နဲ့ နီးကပ်စွာနေခြင်းမပြုစေဘဲ သူတို့ကိုလည်းအခြားအပြင်လူတွေနဲ့ထိတွေ့ခြင်းမဖြစ်စေအောင် နေထိုင်ခိုင်း သင့်ပါတယ်။ဒါ့အတူနှာခေါင်းစည်းတပ်ခြင်း၊မျက်နှာဖုံးအကာများတပ်ခြင်း၊နှာချေချောင်းဆိုးလျှင်တစ်သျှူးများ ဖြင့်အုပ်ပြီး နှာချေခြင်းပြုလုပ်သင့်ပါတယ်။မိမိရဲ့တစ်ကိုယ်ရေစွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ဖို့လိုပါ တယ်။တစ်ဖက်ကလည်းရောဂါအပေါ် လွန်စွာစိတ်ပူခြင်းမဖြစ်ဖို့လိုပါတယ်။

တကယ်လို့ကိုယ်မဟုတ်ဘဲ အခြားသူဟာကိုဗစ်(၁၉)လက္ခဏာအချို့ခံစားနေရပြီဆိုရင်လည်း သံသယရွိလူနာ ဆိုပြီးရန်မူခြင်း၊ရန်ထောင်ခြင်းကိုအထူးရှောင်ကြဉ်ရမယ်။မိမိတို့သက်ဆိုင်ရာရပ်ကွက်၊မြို့နယ်လူကြီးများ ကိုချက်ချင်းအကြောင်းကြားသင့်ပါတယ်။လူနာကိုရောဂါအတွက်စိတ်မပူပန်စေဖို့ ဖြောင်းဖျပြောဆိုထားရမယ်။ လူနာ၏မိသားစုဝင်များကို နောက်ထပ်အပြင်လူများနှင့်ထိတွေ့မှု့နည်းစေဖို့ အိမ်တွင်းမှာသာနေထိုင်ဖို့သတိ ပေးပြောကြားထားသင့်ပါတယ်။

သည်အချိန်မှာသက်ဆိုင်ရာကိုသတင်းပေးခြင်းဟာချောက်တွန်းခြင်းမဟုတ်ကြောင်း၊ကယ်တင်ခြင်းသာဖြစ် ကြောင်းသက်ဆိုင်ရာမိသားစုကိုလည်းနားလည်အောင်ပြောထားရပါမယ်။ယခုရောဂါဟာ အပြင်းထန်ဆုံး အဆင့်သာမဟုတ်ဘူးဆိုရင် ရုတ်တရက်ဆုံးပါးမည့်ရောဂါမဟုတ်ကြောင်းကိုသိထားဖို့လိုပါတယ်။စနစ်တကျ ကုသမှုခံယူမယ်ဆို သက်သာပျောက်ကင်းနိုင်ပါတယ်။

အထူးအားဖြင့်သံသယလူနာကိုဖိအားဖြစ်စေသောဓာတ်ပုံများရိုက်ကူးပြီး လူမှုကွန်ရက်တွင်ဖြန့်ဝေခြင်းကိုဖြင့် အထူးရှောင်ရှားစေလိုပါတယ်။ယင်းသို့ပြုမူခြင်းဟာလူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ကိုအထူးသတိချပ် စေလိုပါတယ်။သံသယလူနာတွေ့တယ်ဆိုသောသတင်းကြောင့်လူများအုပ်စုလိုက်၊အုတ်အောင်းသောင်းနင်းမ ဖြစ်စေဖို့အတတ်နိုင်ဆုံးသိုသိုသိပ်သိပ်ဆောင်ရွက်သင့်ပါတယ်။

သိုသိုသိပ်သိပ်ဟူသည်အချက်အလက်များကိုဖယ်ချန်ထားရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။သံသယလူနာမှလည်း မိမိအသိစိတ်ဓာတ်ဖြင့် မိမိခရီးသွားခဲ့သည်ရှိသောခရီးရာဇဝင်၊ယခုလောလောဆယ်ဖြတ်သန်းခဲ့သည်များကို တစ်လုံးမကျန်ဖွင့်ဟပြောဆိုထားဖို့လိုအပ်ပါ၏။ ကမ်ဘာ့ကပ်ရောဂါဖြစ်သည့်ကိုဗစ်(၁၉)သည် လူတစ်ဦးတစ်ယောက်တည်းတွန်းလှန်၍ရသောရောဂါမဟုတ်ပေ။

သို့ဖြစ်ပါ၍အားလုံးညီညွတ်မှတွန်းလှန်နိုင်မည်ဖြစ်ပါသောကြောင့် မိမိကိုယ်တိုင်ဖြစ်ခဲ့သည်ဖြစ်စေ၊အခြား သူမှာခံစားနေရသည်ဖြစ်စေ ကိုယ်ရဲ့ခရီးသွားရာဇဝင်တွေကိုမှန်မှန်ကန်ကန်ပြောပြီး အတူတူပူးပေါင်းပါဝင်ဖို့ လိုအပ်လှပါတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်