ပြန်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ချင်းပြည်နယ်မှ ကျောင်းသူ၊သား ၄၅ ဦး စာရင်းပေးထား

၂၅၊ ဧပြီ၊ ၂၀၂၄

Zalen

စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ပြန်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ‌ပြန်လည်ဖြေဆိုဖို့ ချင်းပြည်နယ်မှာ စာရင်းပေးထားသူ ကျောင်းသူ၊သား ၄၅ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လထဲမှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ Grade 12 ကို စာရင်း‌ပေးထားပြီး ဖြေဆိုဖို့ပျက်ကွက်သူတွေအတွက် အထူးအစီအစဉ်အနေနဲ့ ပြန်လည်ကျင်းပတာလို့ စစ်ကောင်စီက ပြောကြားထားပါတယ်။

Zalen ad

ချင်းပြည်နယ်မှာ မတ်လထဲမှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဖြေဆိုဖို့ လျှောက်ထားသူ လူဦးရေဟာ တစ်ထောင်ကျော် ရှိခဲ့ပေမယ့် ၄၀၁ ဦးကသာ ဖြေဆိုခဲ့ပါတယ်။

တစ်ပြည်နယ်လုံးမှာ ဖြေဆိုဖို့ ပျက်ကွက်သူ တစ်သောင်းရှစ်ထောင်နီးပါး ရှိခဲ့ပြီး ချင်းပြည်နယ်မှာ ဖြေဆိုဖို့ ပျက်ကွက်သူ ‌ခြောက်ရာကျော်ရှိခဲ့ပေမယ့် ပြန်လည်စာရင်းသွင်းသူ ၄၅ဦး သာရှိခဲ့တာပါ။

တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်နဲ့တိုင်း ၁၄ ခုက မြို့တော်တွေမှာ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ ပြန်ကျင်းပမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတူပီမြို့နယ် အမှတ်(၂) အခြေခံအထက်တန်း ကျောင်းမှာ ကျင်းပမှာလို့ သိရပါတယ်။

မတ်လ ၁၁ ရက်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၁၄၆,၅၂၃ ဦး စာရင်းပေးခဲ့ပေမယ့် ဖြေဆိုသူ ၁၂၈,၈၀၁ ဦးသာရှိခဲ့ပြီး ပျက်ကွက်သူ ၁၇,၈၈၈ ဦး ရှိတယ်လို့ စစ်ကောင်စီက မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်