ခိုင်ကမ်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ၃ ဖွဲ့ပူးပေါင်းပြီးတိုက်ခိုက်ကာ ရဲ ၅ ယောက်သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ခိုင်ကမ်းနယ်မြေရဲစခန်း (၉မိုင်ဂိတ်)ကို PDF-Zoland, CDM, CDF-KKG တပ်ရင်း၂ တို့ပူးပေါင်းပြီး ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ကာ အနည်းဆုံး ရဲ ၅ ယောက်သေဆုံးသွားတယ်လို့ PDF-Zoland ကကြေညာထားပါတယ်။

ရဲတပ်ဖွဲ့ဘက်မှ ဒဏ်ရာရရှိသူလည်းရှိပြီး အပျက်အစီးများလည်းရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိကြောင်း PDF-Zoland ကဆက်လက်ဖော်ပြထားပါတယ်။

ခိုင်ကမ်းရဲနဲ့နီးစပ်သူတယောက်ကတော့ “သေဆုံးနဲ့ဒဏ်ရာရတဲ့သူမရှိ” လို့ဆိုပါတယ်။

ယင်းရဲစခန်းအနီးရှိဒေသခံတဦးက “ဒီမနက် ၅ နာရီလောက်မှာ ရဲစခန်းဘက်ကနေ ဗုံးပေါက်ကွဲသံကြားရတယ်။ သေနတ်သံကတော့ အချက် ၄၀ လောက်ကြားရတယ်။ နောက်ထပ်ဗုံး တလုံးထပ်ပေါက်ကွဲသံကြားရတယ်” လို့ပြောပါတယ်။

Zalen ad

ဒါကြောင့် ရဲတွေက ကလေးမြို့ကနေ ချင်းတောင်ဘက်တက်တဲ့ကားတွေကိုပိတ်ထားတယ်လို့သတင်းရရှိပါတယ်။

Zawgyi

ခုိင္ကမ္းရဲစခန္းကို ျပည္သူ႔ကာကြယ္ေရးတပ္ ၃ ဖြဲ႔ပူးေပါင္းၿပီးတိုက္ခိုက္ကာ ရဲ ၅ ေယာက္ေသဆံုး

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္၊ ခုိင္ကမ္းနယ္ေျမရဲစခန္း (၉မိုင္ဂိတ္)ကို PDF-Zoland, CDM, CDF-KKG တပ္ရင္း၂ တို႔ပူးေပါင္းၿပီး ဒီေန႔ စက္တင္ဘာ ၁၇ ရက္ မနက္ ၅ နာရီခန္႔တြင္ ဝင္ေရာက္တိုက္ခိုက္ကာ အနည္းဆံုး ရဲ ၅ ေယာက္ေသဆံုးသြားတယ္လုိ႔ PDF-Zoland ကေၾကညာထားပါတယ္။

ရဲတပ္ဖြဲ႔ဘက္မွ ဒဏ္ရာရရွိသူလည္းရွိၿပီး အပ်က္အစီးမ်ားလည္းရွိေၾကာင္း၊ ျပည္သူ႔ကာကြယ္ေရးတပ္ဘက္က အထိအခိုက္မရွိေၾကာင္း PDF-Zoland ကဆက္လက္ေဖာ္ျပထားပါတယ္။

ခိုင္ကမ္းရဲနဲ႔နီးစပ္သူတေယာက္ကေတာ့ “ေသဆံုးနဲ႔ဒဏ္ရာရတဲ့သူမရွိ” လုိ႔ဆိုပါတယ္။

ယင္းရဲစခန္းအနီးရွိေဒသခံတဦးက “ဒီမနက္ ၅ နာရီေလာက္မွာ ရဲစခန္းဘက္ကေန ဗံုးေပါက္ကြဲသံၾကားရတယ္။ ေသနတ္သံကေတာ့ အခ်က္ ၄၀ ေလာက္ၾကားရတယ္။ ေနာက္ထပ္ဗံုး တလံုးထပ္ေပါက္ကြဲသံၾကားရတယ္” လုိ႔ေျပာပါတယ္။

ဒါေၾကာင့္ ရဲေတြက ကေလးၿမိဳ႕ကေန ခ်င္းေတာင္ဘက္တက္တဲ့ကားေတြကိုပိတ္ထားတယ္လုိ႔သတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်း သူများကိုနှိမ်နင်းရန် အထူးတပ်ဖွဲ့ CoBRA တပ်ရင်း (၃) ရင်းစေလွတ်

ဇွန်  ၉၊  ၂၀၂၆ Zalen  အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူများကိုနှိမ်နင်းရန် CRPF ညွန်းကြားရေးမှုချူပ်က အထူးတပ် CoBRA တပ်ဖွဲ့ တပ်ရင်း(၃) ရင်းကိုစေလွတ်ထားတယ်လို့ ဒေသသတင်းများဖော်ပြချက်အရသိရပါတယ်။ အခုလို စေလွတ်ထားတဲ့ အထူးလှုပ်ရှားတပ် CoBRA တပ်ရင်း (၃) ...

ဆက်ဖတ်ရန်