ခိုင်ကမ်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ၃ ဖွဲ့ပူးပေါင်းပြီးတိုက်ခိုက်ကာ ရဲ ၅ ယောက်သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ခိုင်ကမ်းနယ်မြေရဲစခန်း (၉မိုင်ဂိတ်)ကို PDF-Zoland, CDM, CDF-KKG တပ်ရင်း၂ တို့ပူးပေါင်းပြီး ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ကာ အနည်းဆုံး ရဲ ၅ ယောက်သေဆုံးသွားတယ်လို့ PDF-Zoland ကကြေညာထားပါတယ်။

ရဲတပ်ဖွဲ့ဘက်မှ ဒဏ်ရာရရှိသူလည်းရှိပြီး အပျက်အစီးများလည်းရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိကြောင်း PDF-Zoland ကဆက်လက်ဖော်ပြထားပါတယ်။

ခိုင်ကမ်းရဲနဲ့နီးစပ်သူတယောက်ကတော့ “သေဆုံးနဲ့ဒဏ်ရာရတဲ့သူမရှိ” လို့ဆိုပါတယ်။

ယင်းရဲစခန်းအနီးရှိဒေသခံတဦးက “ဒီမနက် ၅ နာရီလောက်မှာ ရဲစခန်းဘက်ကနေ ဗုံးပေါက်ကွဲသံကြားရတယ်။ သေနတ်သံကတော့ အချက် ၄၀ လောက်ကြားရတယ်။ နောက်ထပ်ဗုံး တလုံးထပ်ပေါက်ကွဲသံကြားရတယ်” လို့ပြောပါတယ်။

ဒါကြောင့် ရဲတွေက ကလေးမြို့ကနေ ချင်းတောင်ဘက်တက်တဲ့ကားတွေကိုပိတ်ထားတယ်လို့သတင်းရရှိပါတယ်။

Zawgyi

ခုိင္ကမ္းရဲစခန္းကို ျပည္သူ႔ကာကြယ္ေရးတပ္ ၃ ဖြဲ႔ပူးေပါင္းၿပီးတိုက္ခိုက္ကာ ရဲ ၅ ေယာက္ေသဆံုး

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္၊ ခုိင္ကမ္းနယ္ေျမရဲစခန္း (၉မိုင္ဂိတ္)ကို PDF-Zoland, CDM, CDF-KKG တပ္ရင္း၂ တို႔ပူးေပါင္းၿပီး ဒီေန႔ စက္တင္ဘာ ၁၇ ရက္ မနက္ ၅ နာရီခန္႔တြင္ ဝင္ေရာက္တိုက္ခိုက္ကာ အနည္းဆံုး ရဲ ၅ ေယာက္ေသဆံုးသြားတယ္လုိ႔ PDF-Zoland ကေၾကညာထားပါတယ္။

ရဲတပ္ဖြဲ႔ဘက္မွ ဒဏ္ရာရရွိသူလည္းရွိၿပီး အပ်က္အစီးမ်ားလည္းရွိေၾကာင္း၊ ျပည္သူ႔ကာကြယ္ေရးတပ္ဘက္က အထိအခိုက္မရွိေၾကာင္း PDF-Zoland ကဆက္လက္ေဖာ္ျပထားပါတယ္။

ခိုင္ကမ္းရဲနဲ႔နီးစပ္သူတေယာက္ကေတာ့ “ေသဆံုးနဲ႔ဒဏ္ရာရတဲ့သူမရွိ” လုိ႔ဆိုပါတယ္။

ယင္းရဲစခန္းအနီးရွိေဒသခံတဦးက “ဒီမနက္ ၅ နာရီေလာက္မွာ ရဲစခန္းဘက္ကေန ဗံုးေပါက္ကြဲသံၾကားရတယ္။ ေသနတ္သံကေတာ့ အခ်က္ ၄၀ ေလာက္ၾကားရတယ္။ ေနာက္ထပ္ဗံုး တလံုးထပ္ေပါက္ကြဲသံၾကားရတယ္” လုိ႔ေျပာပါတယ္။

ဒါေၾကာင့္ ရဲေတြက ကေလးၿမိဳ႕ကေန ခ်င္းေတာင္ဘက္တက္တဲ့ကားေတြကိုပိတ္ထားတယ္လုိ႔သတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်‌ကောင်စီကို လက်နက်နဲ့ နည်းပညာအကူညီတွေ၊ သင်တန်းပေးတာတွေ ရပ်တန့်ဖို့ အိန္ဒိယကို JFM တောင်းဆို

၁၇၊ မေ၊ ၂၀၂၄ Zalen မြန်မာစစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာ၊ လောင်စာဆီတွေ လွှဲပြောင်း ရောင်းချ‌ တာတွေနဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံး အကူညီပေးနေတာတွေ ချက်ချင်းရပ်ဆိုင်းဖို့ အိန္ဒိယအစိုးရကို Justice For Myanmar ...

ဆက်ဖတ်ရန်