ချင်းပါတီ(၃)ခု ပေါင်းစည်းရေးလက်မှတ်ထိုးပွဲကို တော်ဝင်နှင်းဆီမှာကျင်းပမယ်

ချင်းပါတီ(၃)ခု ပေါင်းစည်းရေးလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် စက်တင်ဘာ(၂၉) ညနေ (၄)နာရီတွင်ကျင်းပပါမယ်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဟာ စက်တင်ဘာ (၂၂)ရက်နေ့တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)နာမည်ဖြစ် ပေါင်းစည်းဖို့သဘောတူဆုံးဖြတ်ကြပါတယ်။
ပေါင်းစည်းလက်မှတ်ထိုးပွဲမှာ မြို့နယ်တစ်မြို့နယ်မှ ကိုယ်စားလှယ်(၅)ဦးနဲ့ ချင်းလူမှုအဖွ့ဲအစည်းနဲ့မျိုးနွယ်စုအသင်းများကိုလည်းဖိတ်ကြားမယ်လို့သိရပါတယ်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)မှာ ဥက္ကဌတာဝန်ကို ပါတီ(၃)ခုက ဥက္ကဌတွေက အလှည့်ကျတာဝန်ယူကြမှာဖြစ်ပါတယ်။ ပါတီသစ်မှတ်ပုံတင်ကို အောက်တိုဘာလ(၁၃)ရက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) CEC တွေကဆက်လက်ဆွေးနွေးသွားမယ်။

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်