ချင်းအမျိုးသားသီချင်း(Chin National Anthem)ကို အနည်းငယ်ပြုပြင်ပြီး ထပ်မံအသံသွင်း

၂၀၁၄ခုနှစ်မှာ ပထမဆုံးအသံသွင်းထားတဲ့ ချင်းအမျိုးသားသီချင်းကို အနည်းငယ်ပြန်လည်ပြုပြင်ပြီး ထပ်မံအသံသွင်းထားတယ်လို့သိရပါတယ်။

ဒီသီချင်းဟာ ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေး ဆလိုင်းရှန်လျန်အုပ်(Salai Siang Lian Uk Kianghrol)က ၂၀၁၃ ခုနှစ်မှာ ရေးဖွ့ဲထားတာပါ။ ပထမ သီချင်းက အမြင့်သံနဲ့ဆိုထားတာဖြစ်တဲ့တွက် မိန်းကလေးတွေဆိုဖို့အခက်အခဲဖြစ်ပါတယ်။ ဒါကြောင့် အခု အနိမ့်သံနဲ့ပြန်သွင်းထားပါတယ်။ ပြီးတော့ သီချင်းအစ တီးလုံးလည်းနည်းနည်းရှည်တဲ့တွက်ကြောင့် ပြန်ဖြတ်တောက်ရပါတယ်။ လူထုအစည်းအဝေးမှာ ဆိုလို့ရအောင် ကာရာအိုကေ အသံသပ်သပ်လည်းသွင်းထားပါတယ်။ သီချင်းကို Klirlungz ဂီတအဖွဲ့ကဦးဆောင်ပြီး ဖလမ်းတက္ကသိုလ်ကျောင်းသားအသင်း(ကလေး) ကျောင်းသားတွေသီဆိုထားပါတယ်။ ချင်းလူမှုရေးအသင်း(အမေရိကန်)က ထောက်ပံ့ကူညီထားတယ်။

https://www.youtube.com/watch?v=8n1NKlriUOs

“ချင်းတွေဟာ အရင်ခေတ်ကတည်းက ဘယ်သူမှ မအုပ်ချုပ်တဲ့ လွှတ်လပ်တဲ့မြေပိုင်ဆိုင်တဲ့သူတွေဖြစ်တယ်။ အခုလည်းကျတော်တို့ကိုယ်ပိုင်မြေ နယ်နမိတ်ရှိတယ်။ ကိုယ်ပိုင်မြေနယ်နမိတ်ရှိတဲ့သူ လူမျိုးတိုင်းက အမျိုးသားသီချင်းဆိုတာရှိတယ်။ သူများတွေလည်းအမျိုးသားသီချင်းရှိလို့ကျတော်တို့လည်းရှိရမယ်ဆိုတာမဟုတ်ဘူး။ ချင်းလူမျိုးဟာ ကိုယ်ပိုင်နယ်နမိတ်ရှိတဲ့သူဖြစ်တယ်၊ ငါတို့မြေကို အသက်ပေးပြီးကာကွယ်ဖို့ ကတိပေးတဲ့သီချင်းဖြစ်ပါတယ်”လို့ ချင်းအမျိုးသားသီချင်းရေးစပ်သူ ဆလိုင်းရှန်လျန်အုပ်ကပြောပါတယ်။

ဒီသီချင်းကို ချင်းအမျိုးသားနေ့၊ ချင်းနှစ်သစ်ကူးနဲ့ ချင်းလူမျိုးတွေစုရုံးတဲ့အချိန်တွေမှာသီဆိုဖို့လည်း ၎င်းကတိုက်တွန်းပါတယ်။ ထပ်မံအသံသွင်းထားတဲ့ ချင်းအမျိုးသားသီချင်းကို ဒီလအတွင်း အွန်လိုင်းတွေမှာဖြန့်ချီသွားမယ်လို့သိရပါတယ်။

Chinland, A Land of Freedom
(The Independent Chinland)

The most loving land, our Chinland
The indigenous land of the Chin generations
The most glorious land, worthy of pride
The most beautiful land, our nation

Be happy, O Chin people
Let us praise, our holy land
Our land from the origin of history
The perfect heritage of our ancestors

With unity, freedom and altruism
With equality, loyalty and bravery
With righteousness, love and peace
With gloriousness, happiness and beauty
We are living with the flag of triumph

We will defend, forever
Let our Chinland stands till the end of age
We have various duties to fulfill for
The kind-hearted Mom, which we descend from
We, the Chin people, will devote with unity.
We do hereby solemnly swear that,
We will serve our nation till the end.
Let our Chinland, A Land of Freedom (Independent Chinland) stands eternally.

 

 

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်