တရုတ်က ချင်းပြည်နယ်မှာ စာသင်ကျောင်းလှူရန်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို တရုတ်သို့လေ့လာရေးခရီးဖိတ်ခေါ်

ချင်းပြည်နယ်အစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang တို့တွေ့ဆုံစဉ် ချင်းပြည်နယ်မှာ စာသင်ကျောင်း တစ်ကျောင်းလှူဒါန်းရန်နဲ့ ပြည်နယ်အစိုးရအဖွဲ့များ တရုတ်နိုင်ငံသို့လေ့လာရေးခရီးလာရန်ဖိတ်ခေါ်သွားတယ်လို့ ချင်းပြည်နယ် စည်ပင်၊လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစိုးထက်ထံမှသိရပါတယ်။

ချင်းပြည်နယ်အစိုးရနဲ့ တရုတ်သံအမတ်တို့ဟာ အောက်တိုဘာလ(၁၁)ရက် ညနေပိုင်းတွင် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးကြပါတယ်။

ချင်းပြည်နယ် စည်ပင်၊လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစိုးထက်က “သူတို့ဖော်ဆောင်နေတဲ့ One Belt One Road(ခေတ်သစ် ပိုးလမ်းမ) စီမံကိန်းမှာ ချင်းပြည်နယ်က တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ့သွားတဲ့လမ်း အချက်အချာကျတဲ့နေရာမှာရှိတော့ ချင်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးလည်းစိတ်ဝင်စားတယ်လို့ပြောတယ်။ ကျနော်တို့မှာ တောတွေ၊ တောင်တွေ ချောင်းတွေရှိတော့ ရေအားလျှပ်စစ်ကိုများများ ထုတ်ချင်တယ်။ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေလိုအပ်ချက်တွေပြောတော့ တရုတ်က စာသင်ကျောင်းတစ်ကျောင်း လှူမယ်လို့ပြောတယ်။ ဘယ်နေရာ၊ ဘယ်မြို့နယ်မှာဆောက်စေချင်တာလဲဆိုတာ ပြည်နယ်အစိုးရဘက်က ပြောပြီးရင် ဆောက်ပေးမယ်ပြောတယ်။ ဒီ ၂၀၁၈ ခုနှစ်ထဲမှာဖြစ်ဖို့များပါတယ်။  ပြီးတော့ ချင်းအများပိုင်ကုမ္မဏီနဲ့ တရုတ်မှာရှိတဲ့ အများပိုင်ကုမ္မဏီကို စီးပွားရေးချိတ်ဆက်လုပ်ဆောင်နိုင်အောင် စီစဉ်ပေးမယ်တဲ့။ ကျနော်တို့ တောတောင်သဘာဝထဲမှာ ဆေးဘက်ဝင်တွေပေါများတယ်။ ဒါကို သူတို့နည်းပညာနဲ့ ကုန်ချောထုတ်လို့ရတယ်လို့ပြောတယ်။ သူတို့ကလည်း နောက်တစ်ခေါက်လာမယ်တဲ့။ အဲ့ချိန်ကျရင် သူတို့ဘက်က လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်အောင်ကြိုးစားပေးမယ်တဲ့။ ချင်းတောင်ရဲ့ သဘာဝအနေအထားက သူတို့ရဲ့ တချို့ပြည်နယ်တွေနဲ့လည်းသဘာဝအနေအထားချင်းတူတော့ သူတို့ရဲ့လမ်းပန်းဆက်သွယ်ရေးတိုးတက်အောင်လုပ်ဆောင်ပုံ၊ စီးပွားရေးလုပ်ငန်းတွေလေ့လာနိုင်အောင် ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေ လေ့လာရေးဖိတ်ပါအုံးမယ်တဲ့”လို့ပြောပါတယ်။

အောက်တိုဘာ(၁၂)ရက် နံနက်ပိုင်းမှား တရုတ် သံအမတ်နဲ့အဖွဲ့တွေဟာ ကလေးမြို့သို့ဆင်းသွားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်