ဖက်ဒရယ်ပညာရေး (အပိုင်း-၂)

ဒေါက်တာ ဆလိုင်းခင်မောင်သိန်း (ပညာရေး)

ဖက်ဒရယ် သင်ရိုးညွှန်းတမ်း

သင်ရိုးညွှန်းတမ်းဟူ၍ ဆိုသည်နှင့် ဖတ်စာအုပ်များကိုသာ ပြေးမြင်ကြသည်မှာလည်း မြန်မာ့ပညာရေး၏ လွန်စွာကျဉ်းမြောင်းလှသောဆိုးမွေတစ်ခုပင်။ယေဘုယျဆိုရလျှင်သင်ရိုးညွှန်းတမ်းသည်ဘာသာရပ်များ၊လက်တွေ့လုပ်ဆောင်ချက်များနှင့်ကျောင်းသားများ၏သင်ယူလေ့လာမှုအတွေ့အကြုံများကိုစီစဉ်ထားရှိမှုပင်ဖြစ်သည်။ တန်ဖိုးတစ်စုံတစ်ရာရှိသော်ငြားလည်း ပြဌာန်းဖတ်စာအုပ်များကိုသာလျှင် ဆိုလိုခြင်း (လုံးဝ) မဟုတ်ပါ။ ထို့အတူ ဘာသာရပ် အသိပညာများ၊ ပုံစံချ သင်ကြားမှုများထက်လည်း ပိုမို လေးနက် ကျယ်ဝန်းပါသည်။ ပိုမိုစိုးရိမ်ဖွယ်ရာမှာ သင်ရိုးညွှန်းတမ်းစံနှုန်းများ မရှိသေးခြင်းပင်ဖြစ်သည်။ အတန်းနှင့် အသက်အရွယ်လိုက် တက်မြောက်ရမည့် စွမ်းရည်များအတွက် စံနှုန်း သတ်မှတ်ချက်များ လိုအပ်ပါသည်။ ဖက်ဒရယ်သင်ရိုး စံနှုန်းအပေါ်တွင် ထပ်ဆင့်၍မတူကွဲပြားသော တိုင်းရင်းသား ကလေးများအတွက် ဒေသအလိုက် ဆက်လက်ပြီး သင်ရိုးညွှန်းတမ်း စံနှုန်းများကိုလည်း ပြဌာန်းပိုင်ခွင့် ထားရှိခြင်းဖြင့် ဖက်ဒရယ် ပညာရေး ရုပ်လုံးကြွ အသက်ဝင်လာပါမည်။

တိုင်းရင်းသားကလေးငယ်များ၏ မိသားစုအိမ်တွင်း၊ ရပ်ရွာအတွင်း၊ စာသင်ခန်းအတွင်း၊ ကျောင်းအတွင်း၊ ဓါတ်ခွဲစမ်းသပ်ခန်းအတွင်း၊စာကြည့်တိုက်အတွင်း၊တောတောင်များအတွင်း၊ကစားကွင်းအတွင်းနှင့်နိစ္စဒူဝတွေ့ကြုံမှုအစုအဝေးတစ်ရပ်လုံးကိုသင်ရိုးညွှန်းတမ်းဟူ၍၂၁ရာစုပညာရေးကအဓိပ္ပါယ်ဖွင့်ဆိုထားရှိသည်။ဤအချက်ကိုဖက်ဒရယ်ပညာရေးစနစ်၏သင်ရိုးညွှန်းတမ်းကဏ္ဍတွင်မလွဲမသွေထည့်သွင်းစဉ်းစားရပါလိမ့်မည်။

ဖက်ဒရယ်စနစ်အတွင်း ကျောင်းသင်ရိုးညွှန်းတမ်းသည် တိုင်းရင်းသားတို့၏ ဦးတည်ရာ ပန်းတိုင်ကို တည့်မတ်စွာ ထားရှိသင့်ပြီး ကလေးများကို ရည်ရွယ်ချက်မဲ့၊ ဦးတည်ရာမဲ့ ဘဝများဖြင့် ရှင်သန်နေ ကြရခြင်း အပါအဝင် ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်မှုအတွက် ကံကြမ္မာနှင့် သူတပါး ဖန်တီးသည့် အခွင့်အရေး အပေါ်တွင် လုံးလုံးလျားလျား အမှီသဟဲပြုနေရခြင်း၊ မကြာခဏ ဘုရားတ နေရခြင်း ဘေးဒုက္ခများမှ ကင်းဝေးစေရန် ကာကွယ်ထား ရှိလေသည်။

ပြည်နယ်အစိုးရများ၏ ပင်မ တာဝန်

ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်တွင် (ဗဟို) အစိုးရ၏ ပညာရေးဆိုင်ရာ တာဝန်နှင့် ဝတ္တရားတို့ကို ပိုင်းဖြတ်ပေးထားပါသည်။အထူးသဖြင့်ဖက်ဒရယ်အစိုးရသည်အမျိုးသားပညာရေးမူဝါဒများနှင့်တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံစေမည့် ပညာရေး အစီအစဉ်များကို ချမှတ် ရေးဆွဲသည်။ ပညာရေးတန်းတူ ညီမျှခြင်း ကိစ္စရပ်များ၊ ကလေးတိုင်း ပညာ သင်ကြားခွင့် ရရှိရေး ကိစ္စများ၊ အရည်အသွေး မြင့်မားရေး ကိစ္စများနှင့် အဆင့်မြင့်နှင့် နိုင်ငံတကာပညာရေး၊ ပညာရှင်အဆင့်သုတေသနလုပ်ငန်းရပ်များကိုတာဝန်ယူပါသည်။ ဖက်ဒရယ်ပညာရေးဝန်ကြီးထားရှိပြီးပါလီမန်တွင်လည်း ပညာရေး အတွင်းဝန်များ ထားရှိသည်။ ပြည်နယ်အလိုက် ပညာရေးဝန်ကြီးဌာနကို ထားရှိကြသည်။ ပညာရေး အသုံးစရိတ်အား ဖက်ဒရယ်အစိုးရ (ဗဟိုအစိုးရ) ၏ ပြဌာန်းချက်များအပေါ် အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက လွတ်လပ်စွာတာဝန်ယူဆောင်ရွက်ရသည်။ ဖက်ဒရယ်နှင့်ပြည်နယ်အစိုးတို့ကတိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုမရှိဘဲကိုယ်ပိုင်ကျောင်းများ၊အမျိုးသားကျောင်းများတွင်မှာလည်း ကိုယ်ပိုင် မူဝါဒများ ချမှတ် ကျင့်သုံးနိုင်ခွင့် ရှိသည်။ တစ်ပြည်နယ်လုံးရှိ ကျောင်းနေအရွယ် ကလေးငယ်တိုင်းစာသင်ခန်းအတွင်းရှိနေပြီးအရည်အသွေးမြင့်အခမဲ့ပညာရေးရရှိစေရေးမှာပြည်နယ်အစိုးရများတွင်အဓိကတာဝန်ရှိသည်။အနွမ်းပါးဆုံးမိသားစုမှကလေးငယ်များအရည်အသွေးပြည့်မီသောအခြေခံပညာရေးကိုဆုံးခန်းတိုင်အောင်တက်ရောက်ခွင့်ရရှိရေးမှာဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတွင်းရှိပြည်နယ်အစိုးရများ၏ပင်မတာဝန်ဖြစ်သည်။ ပြည်နယ်အစိုးရ၏ အောင်မြင်မှုကို စစ်ဆေး တိုင်းတာနိုင်သော စံသတ်မှတ်ချက်တစ်ခုဟုလည်း ဆိုကြသည်။

ပြည်နယ်ပညာရေးဌာန တာဝန်

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင်ပြည်နယ်ပညာရေးဌာနက မိမိတို့ သက်ဆိုင်ရာပြည်နယ်များအတွင်းရှိ ပြည်သူလူထု၏ ပညာရေးကိုမူကြိုအဆင့်မှသည်မူလတန်း၊အလယ်တန်းနှင့်အထက်တန်းပညာရေးကိုလုံးဝတာဝန်ယူဆောင်ရွက်သည်။

ဖက်ဒရယ်အစိုးရဖြစ်ဖြစ်၊ပြည်နယ်အစိုးရများကဖြစ်စေတက္ကသိုလ်ပညာရေးကိုတိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့်မရှိပါ။ ဆရာအတတ်သင်ပညာရေးကိုအစိုးရလက်အောက်ခံမဟုတ်သောကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရသောတက္ကသိုလ်များနှင့်ပြည်နယ်အစိုးရပညာရေးဌာနတို့ကပူးပေါင်းဆောင်ရွက်သည်။တက္ကသိုလ်များကဆရာအတတ်ပညာသင်ကြားရေး၊ဘွဲ့ချီး မြှင့်ပေးအပ်ခြင်းကိစ္စများဆောင်ရွက်ပြီးပြည်နယ်အစိုးရများကအသိအမှတ်ပြုဆရာအတတ်ပညာလိုင်စင်ကိုထုတ် ဝေခြင်းဖြစ်သည်။

ပုဂ္ဂလိကလွတ်လပ်ခွင့ရှိသဖြင့်သီးသန့်ကျောင်းများကိုလည်းဖွင့်လှစ်ခွင့်ပေးထားပါသည်။သက်မွေးဝမ်းကျောင်းပညာရေးကို ပြည်နယ်အစိုးရများကတစ်စိတ်တစ်ဒေသတာဝန်ယူပါသည်။သက်မွေးဝမ်းကျောင်းပညာရေးနှင့်အဆင့်မြင့်တက္ကသိုလ်ပညာရေးမှာမည်သည့်အစိုးရလက်အောက်တွင်မှမရှိပါ။ဖက်ဒရယ်အစိုးရဖြစ်ဖြစ်၊ပြည်နယ်အစိုးရများကဖြစ်စေတက္ကသိုလ်ပညာ

ရေးကို တိုက်ရိုက် ပါဝင်ဆောင်ရွက်ခွင့် မရှိပါ။ ဆရာအတတ်သင် ပညာရေးကို အစိုးရလက်အောက်ခံ မဟုတ်သော ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရသော တက္ကသိုလ်များနှင့် ပြည်နယ်အစိုးရ ပညာရေးဌာနတို့က ပူးပေါင်း ဆောင်ရွက်သည်။

ဆရာ ပညာရေး အခန်းကဏ္ဍ

ပြည်နယ်အစိုးရများကအသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုကပညာရေးဘွဲ့ရရှိထားသူများ၏ရိုးသားဖြောင့်မတ်မှု၊ကလေးသူငယ်များနှင့်သင်ကြားရေးအလုပ်လုပ်ကိုင်နိုင်စွမ်း၊သင်တော့်မှုရှိမရှိ၊အကျင့်စာရိတ္တနှင့်အခြားအချက်အလက်များကိုစစ်ဆေးပြီးမှသာလျှင်သင်ကြားရေးလိုင်စင်ထုတ်ပေးသည်။ပညာရေးတက္ကသိုလ်မှဘွဲ့ဒီဂရီနှင့်ပြည်နယ်အစိုးရအသိအမှတ်ပြုဆရာအတတ်ပညာလိုင်စင်ရရှိထားသူမှသာလျှင်စာသင်ခန်းအတွင်းဝင်ရောက်ပြီးကျောင်းဆရာလုပ်ခွင့်၊ သင်ကြားခွင့် ရှိသည်။

တက္ကသိုလ်များကဆရာအတတ်ပညာသင်ကြားရေး၊ ဘွဲ့ချီးမြှင့် ပေးအပ်ခြင်းကိစ္စများ ဆောင်ရွက်ပြီး ပြည်နယ် အစိုးရများကအသိအမှတ်ပြုဆရာအတတ်ပညာလိုင်စင်ကိုထုတ်ဝေးခြင်းဖြစ်သည်။ပြည်နယ်အစိုးရများကအသိအမှတ် ပြုတက္ကသိုလ်တစ်ခုခုကပညာရေးဘွဲ့ရရှိထားသူများ၏ရိုးသားဖြောင့်မတ်မှု၊ကလေးသူငယ်များနှင့်သင်ကြားရေးအလုပ် လုပ်ကိုင်နိုင်စွမ်း၊ သင်တော့်မှု ရှိ-မရှိ၊ အကျင့်စာရိတ္တနှင့် အခြား အချက်အလက်များကို စစ်ဆေးပြီးမှ သာလျှင် “သင်ကြားရေးလိုင်စင်”ထုတ်ပေးသည်။ပညာရေးတက္ကသိုလ်မှဘွဲ့ဒီဂရီနှင့်ပြည်နယ်အစိုးရအသိအမှတ်ပြုဆရာအတတ်ပညာလိုင်စင်ရရှိထားသူမှသာလျှင်စာသင်ခန်းအတွင်းဝင်ရောက်ပြီး ကျောင်းဆရာလုပ်ခွင့်၊ သင်ကြားခွင့် ရှိသည်။ ဆရာအတတ်ပညာ လိုင်စင် မရရှိပါက မဟာဘွဲ့များ၊ ပါရဂူဘွဲများ ရရှိထားသူများပင် ဖြစ်စေကာမူ ကျောင်း စာသင်ခန်းအတွင်း ဝင်ရောက်၍ စာသင်ကြားခွင့် မရှိပါ။ ဤသည်မှာ ဥပဒေပြုပြဌာန်းထားသည့် ဖက်ဒရယ် ပညာရေး ဆိုင်ရာ ဆရာအတတ်ပညာရေးကဏ္ဍ တစ်စိတ်တစ်ဒေသဖြစ်သည်။

ထို့ကြောင့်ကြားကာလနှင့်အနာဂတ်တွင်ကျောင်းသူကျောင်းသားများအတွက်ကောင်းမွန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုအခြေခံသည့်ပညာရေးစနစ်တစ်ခုပေါ်ထွန်းလာနိုင်စေရန်လိုအပ်ပေသည်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်