အိန္ဒိယ-မြန်မာနယ်စပ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့တိုက်ပွဲဖြစ်ရာ တရွာလုံးအိန္ဒိယသို့ထွက်ပြေး

နိုင်ငံကျော်တေးရေးဆရာ ဆလိုင်းသောနရဲ့ဇာတိ ဖလမ်းမြို့နယ် စာတွာမ်ကျေးရွာ (Satawm khua) မှာ ဒီနေ့စက်တင်ဘာ ၁၇ ရက် မနက် ၁ဝး၅၀ အချိန်က အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့တိုက်ပွဲဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

စာတွာမ်ရွာသားတဦးက “အစမှာတော့ ရွာကနေ ၂ ဖာလုံလောက်ဝေးတဲ့နေရာမှာ စပြီးတော့ပစ်ကြတယ်။ ပြီးတော့ ရွာထဲမှာထပ်ပစ်ကြတယ်။ အိမ်ပြင်မထွက်ရဲကတော့ ဘယ်သူတွေပစ်ကြတာလဲဆိုတာမသိဘူး။ ခုတော့ တရွာလုံး အိန္ဒိယနိုင်ငံ မီဇိုရမ်းဘက်ကိုထွက်ပြေးကြပြီ။ ရွာထဲကလူ ထိခိုက်တာမရှိဘူးလို့တော့ကြားတယ်” လို့ပြောပါတယ်။

စာတွာမ်ကျေးရွာဟာ အိမ်ခြေ ၆၅ အိမ်ကျော်လောက်ရှိပြီး အိန္ဒိယနယ်စပ်မှာရှိပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး CDNF တပ်ဖွဲ့ဘက်က တာဝန်ရှိပုဂ္ဂိိုလ်တွေကိုမေးမြန်းရာ ၄င်းတို့အဖွဲ့နဲ့ပစ်ခတ်တာဖြစ်ကြောင်း၊ သတင်းအသေးစိတ်ကို မသိရသေးကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။

သီဘွာလ်ကျေးရွာတပ်စခန်းအနီးမှာ နွားနောက်တကောင်က မြေမြုပ်မိုင်း ၂ လုံးနှင်မိလို့ပေါက်ကွဲတဲ့ချိန်ကစပြီး အနီးနားကျေးရွာကပြည်သူတွေဟာ အထိပ်တလန့်ဖြစ်ပြီး အိန္ဒိယဘက်သို့ထွက်ပြေးတဲ့သူ တိုးလာပါတယ်။

Zalen ad

Zawgyi

အိႏိၵယ-ျမန္မာနယ္စပ္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CNDF တပ္တုိ႔တိုက္ပြဲျဖစ္ရာ တရြာလံုးအိႏိၵယသို႔ထြက္ေျပး

ႏိုင္ငံေက်ာ္ေတးေရးဆရာ ဆလုိင္းေသာနရဲ႕ဇာတိ ဖလမ္းၿမိဳ႕နယ္ စာတြာမ္ေက်းရြာ (Satawm khua) မွာ ဒီေန႔စက္တင္ဘာ ၁၇ ရက္ မနက္ ၁၀း၅၀ အခ်ိန္က အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CNDF တပ္တုိ႔တိုက္ပြဲျဖစ္ပြားတယ္လို႔သတင္းရရွိပါတယ္။

စာတြာမ္ရြာသားတဦးက “အစမွာေတာ့ ရြာကေန ၂ ဖာလံုေလာက္ေဝးတဲ့ေနရာမွာ စၿပီးေတာ့ပစ္ၾကတယ္။ ၿပီးေတာ့ ရြာထဲမွာထပ္ပစ္ၾကတယ္။ အိမ္ျပင္မထြက္ရဲကေတာ့ ဘယ္သူေတြပစ္ၾကတာလဲဆိုတာမသိဘူး။ ခုေတာ့ တရြာလံုး အိႏိၵယႏိုင္ငံ မီဇိုရမ္းဘက္ကိုထြက္ေျပးၾကၿပီ။ ရြာထဲကလူ ထိခိုက္တာမရွိဘူးလုိ႔ေတာ့ၾကားတယ္” လုိ႔ေျပာပါတယ္။

စာတြာမ္ေက်းရြာဟာ အိမ္ေျခ ၆၅ အိမ္ေက်ာ္ေလာက္ရွိၿပီး အိႏိၵယနယ္စပ္မွာရွိပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး CDNF တပ္ဖြဲ႔ဘက္က တာဝန္ရွိပုဂိၢိဳလ္ေတြကိုေမးျမန္းရာ ၄င္းတို႔အဖြဲ႔နဲ႔ပစ္ခတ္တာျဖစ္ေၾကာင္း၊ သတင္းအေသးစိတ္ကို မသိရေသးေၾကာင္းျပန္လည္ေျဖၾကားခဲ့ပါတယ္။

သီဘြာလ္ေက်းရြာတပ္စခန္းအနီးမွာ ႏြားေနာက္တေကာင္က ေျမျမဳပ္မုိင္း ၂ လံုးႏွင္မိလို႔ေပါက္ကြဲတဲ့ခ်ိန္ကစၿပီး အနီးနားေက်းရြာကျပည္သူေတြဟာ အထိပ္တလန္႔ျဖစ္ၿပီး အိႏိၵယဘက္သို႔ထြက္ေျပးတဲ့သူ တိုးလာပါတယ္။

 

 

 

 

နောက်ဆုံးရသတင်းများ

မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်း သူများကိုနှိမ်နင်းရန် အထူးတပ်ဖွဲ့ CoBRA တပ်ရင်း (၃) ရင်းစေလွတ်

ဇွန်  ၉၊  ၂၀၂၆ Zalen  အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူများကိုနှိမ်နင်းရန် CRPF ညွန်းကြားရေးမှုချူပ်က အထူးတပ် CoBRA တပ်ဖွဲ့ တပ်ရင်း(၃) ရင်းကိုစေလွတ်ထားတယ်လို့ ဒေသသတင်းများဖော်ပြချက်အရသိရပါတယ်။ အခုလို စေလွတ်ထားတဲ့ အထူးလှုပ်ရှားတပ် CoBRA တပ်ရင်း (၃) ...

ဆက်ဖတ်ရန်