ချင်းပြည်နယ်လမ်းပန်းနဲ့စီးပွားရေးကူညီဖို့ တရုတ်သံအမတ် လာရောက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးကဏ္ဍမှာအကူအညီပေးဖို့ ဒီနေ့ညနေ(၆)နာရီ ချင်းပြည်နယ်အစိုးရအဖွဲ့တွေနဲ့ဆွေးနွေးမှာဖြစ်ပါတယ်။

တရုတ်သံအမတ်ဦးဆောင်တဲ့အဖွဲ့ဟာ ဒီမနက်မှာ ကလေးမြို့ကနေ မော်တော်ယာဉ်နဲ့ဟားခါးဘက်သို့တက်လာပြီး ကားလမ်းဘေးက ထေးဇန်ကော်ဖီခြံကိုလည်း (၁၅)မိနစ်ခန့်ဝင်ရောက်ကြည့်ရှုသွားပါတယ်။

ချင်းပြည်နယ် စည်ပင်၊လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစိုးထက်က “တရုတ်သံအမတ်ကြီးလာရတဲ့အကြောင်းရင်းက လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးကဏ္ဍမှာ အကူအညီပေးဖို့ ချင်းပြည်နယ်အစိုးရနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ်။ မနက်ဖြန်လည်း ထန်တလန်ဘက်ကိုသွားမယ်လို့သိရတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်