ကန်ပက်လက်မြို့နယ် အမတ်လောင်းအတွက် ဆက်လက်အရွေးခံမယ်လို့ CPP အမတ်လောင်းဦးမနားရှင်ပြော

ကိုယ်စားလှယ်လောင်းနှုတ်ထွက်လွှာတင်သွင်းခွင့်သတ်မှတ်ရက်ကျော်လွန်ပြီဖြစ်၍ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကို ဆက်လက်အရွေးခံမယ်လို့ CPP ကိုယ်စားလှယ်လောင်း ဦးမနားရှင်းကဆိုပါတယ်။

ချင်းတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အောက်တိုဘာဘ(၁၉)ရက်နေ့စွဲဖြစ် ကန်ပက်လက်မြို့နယ် ချင်းတိုးတက်ရေးပါတီဝင်များအနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့တွင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးကီးထန်းလွန်းကို ထောက်ခံဆန္ဒပြုကြရန် တိုးတွန်းအပ်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဦးမနားရှင်းက ၎င်းလူမှုကွန်ရက်စာမျက်နှာတွင် “ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်
လောင်းကိုယ်တိုင်ကနှုတ်ထွက်လိုပါက ကိုယ်စားလှယ်လောင်းကိုယ်တိုင်နှုတ်ထွက်လွှာတင်သွင်းရမည်ဖြစ်သည်။ တင်သွင်းခွင့်သတ်မှတ်ရက်ကျော်လွန်သွားပြီဖြစ်သည်။ သို့ဖြစ်၍ ချင်းတိုးတက်ရေးပါတီအနေဖြင်ဆက်လက်၍ရွေးကောက်ပွဲဝင်မည်ဖြစ်ပါသည်” လို့ရေးသားထားပါတယ်။

Zalen မီဒီယာက  ဦးမနားရှင်းကို ဒီမနက် ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာ “အစကတည်းက CPPကရွေးကောက်ပွဲဝင်ဖို့ ကျနော့်ကိုရွေးချယ်ထားတာဖြစ်တဲ့တွက် အခုချိန်မှာ စည်းရုံးရေးအတွက်သုံးထားတဲ့ငွေကြေးကမနည်းတော့ဘူး။ ဘယ်လောက်သုံးစွဲပြီလဲဆိုတာတော့ မပြောပြနိုင်သေးဘူး။ ပြီးတော့ CPP ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီလိုမျိုးစာထုတ်ပြန်တာဟာ ချင်းပါတီအချင်းချင်းကြားမှာ ပြဿနာမဖြစ်စေချင်လို့ ထုတ်ပြန်တယ်လို့ပဲ သဘောထားပါတယ်”လို့ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

တမူး-ကလေးလမ်းတိုက်ပွဲပြင်းထန်နေချိန် ဝိတုပ် ကျေးရွာကိုစစ်ကောင်စီက လေကြောင်းနဲ့ပစ်ကူတိုက်ခိုက်

ဇွန် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတုပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ကူ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်အမြစ်များကဆိုပါတယ်။ ဇွန်လ ၂၃ ရက်နေ့နေ့လည်က ဝိတုပ်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက လေကြောင်းနဲ့ အခုလို ...

ဆက်ဖတ်ရန်