နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောက်တိုဘာ (၂၆)ရက် ကန်ပက်လက်မြို့လာမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ(၂၆)ရက်တွင် ကန်ပက်လက်မြို့သို့လာရောက်မယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ကန်ပက်လက်မြို့နယ် NLD ဥက္ကဌ ဦးထန်းမနားလိုင်းက “သူတ အစိုးရဆိုက်နဲ့လာမှာဆိုတော့ ကျနော်တို့လည်း ရက်အတိအကျတော့ မသိရသေးဘူး။ အစိုးရရုံးတွေကတော့ ပြင်ဆင်မှုတွေလုပ်နေတယ်။ သူက အစိုးရတာဝန်အနေနဲ့ လာတဲ့သဘောပဲဖြစ်မယ်ထင်ပါတယ်။ မဲဆွဲစည်းရုံးရေးနဲ့တော့ မပတ်သက်လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါတီဘက်ကို အကြောင်းကြားတာ၊ ပြင်ဆင်ခိုင်းတာ ဘာမှမရှိပါဘူး”လို့ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကန်ပက်လက်မြို့ ဖလပ်ဝါခန်းမတွင် ဒေသခံတွေနဲ့လူထုတွေ့ဆုံပွဲကျင်းပမှာဖြစ်ပြီး တက်ရောက်လိုသူများ နာမည်စာရင်းပေးမှာသာ တက်ရောက်ခွင့်ရှိမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်