CDF-Hakha တိုက်ခိုက်မှုကြောင့် စစ်ကောင်စီခန့် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပြင်းထန်ဒဏ်ရာရ

၁၄၊ ဧပြီ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် Chinland Defense Forece – Hakha ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီခန့် လူမှုရေးဝန်ကြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-Hakha ကဧပြီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီခန့် စီးပွါးရေးဝန်ကြီး နဲ့ လူမှုရေးဝန်ကြီးတို့ ရုံးတက်ရာလမ်းမှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲများနဲ့ ဝန်ကြီးများစီးလာတဲ့ကားကို CDF-Hakha က ဧပြီလ ၁၂ ရက် မနက် ၉ နာရီ ခွဲဝန်းကျင်မှာတိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။

Zalen ad

အဲဒီတိုက်ခိုက်မှုအတွင်း လူမှုရေးဝန်ကြီးဟာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံ ကြီးမှာ ဆေးကုသမှုခံယူနေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်ထားတယ်လို့သိရပါတယ်။

ဧပြီ ၁၂ ရက်နေ့ တိုက်ခိုက်မှုအတွင်း လူမှုရေး ဝန်ကြီး၊စီးပွါးရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးကတော်၊လူမှုရေးဝန်ကြီး ယာဉ်မောင်း တို့အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲများလည်းဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ပြည်သူလူထုထံကနေ မတရားအာဏာသိမ်းပြီး ချင်းလူမျိုးများကို ကျွန်အဖြစ်အသက်သွင်းရန်ကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ ၎င်းတို့အပေါင်းအပါတို့ရဲ့ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်ကာ အမျိုးသားလွတ်မြောက်ရေး ရရှိ တဲ့အထိ စည်းလုံးစွာ လက်တွဲလုပ်ဆောင်ကြဖို့ချင်းလူမျိုးများအားလုံး CDF-Hakha က တိုက်တွန်းထားပါ တယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်