အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်လို့ ချင်းလူမျိုး ကလေးငယ် တစ်ဦး ပြင်းထန်ဒဏ်ရာရ

၁၊ ဇွန်လ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ ချင်းတိုင်းရင်းသား ကလေးငယ် တစ်ဦး ပြင်းထန်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်က အမ်းမြို့နယ် ခမောင်းတောကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်လို့ ကလေးငယ်တစ်ဦး ဦးခေါင်း ကျည်စထိမှန်ကာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Zalen ad

“အိမ်ထရံပေါက်ကနေ ကလေး ဦးခေါင်းမှာ ကျည်စမှန်သွားတာ။ ကလေးက အသက်စိုးရိမ်းရတယ်။ အမ်းဆေးရုံက မနိုင်လို့ ရန်ကုန်သွားခိုင်းနေတာ။ ကားရှာမရသေးဘူး။ ကလေး အသက်တော့ ရှိသေးတယ်။ ဆေးကုသဖို့ စရိတ် လိုအပ်မယ်။ ကလေးမိဘတွေက ငွေကြေး သိပ်အဆင်မပြေဘူးလေ။” လို့ အမ်းဒေသခံ ချင်းလူငယ်တစ်ဦးက ဆိုပါတယ်။

ဒဏ်ရာရတဲ့ ကလေးဟာ အသက် ၈ နှစ်အရွယ် ဆလိုင်းချမ်းလင်းမောင်လို့ သိရှိရပါတယ်။

သူရဲ့ မိဘတွေဟာ သာမာန်အရပ်သားတွေ ဖြစ်တာကြောင်း ကလေးကို ဆေးကုသဖို့နဲ့ လမ်းခရီးစရိတ်အတွက် အရေးပေါ် ငွေကြေးကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်ါ

ခမောင်းတောကျေးရွာဟာ အမ်းမြို့နဲ့ ဆိုင်ကယ် ၂ နာရီကျော် မောင်းနင်းရပြီး အိမ်ခြေ ၁၀၀ ခန့်ရှိကာ ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

အာသံက မာသီယာစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

ဇွန် ၂၆၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲက မာသီယာ (Matia) ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတွေဟာ အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ခံနေရတယ်လို့ India for Myanmar ...

ဆက်ဖတ်ရန်