ကလေးမြို့မှာ လဝက်အတွင်း လူငယ် ၅၀ကျော်စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

၁၉၊ ဒီဇင်ဘာ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဥပဒေနဲ့ အသက်အရွယ် အကြုံး၀င်တဲ့ လူငယ်တွေကို ဖမ်းဆီးမှု‌ စစ်ကောင်စီက ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နို၀င်ဘာလကုန်ကနေ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်က လူငယ် ငါးဆယ်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Zalen ad

အခုရက်ပိုင်းတွေမှာ အရက်ဆိုင်တွေကို ၀င်ပြီး ဖမ်းဆီးသလို အလုပ်သွားအလုပ်ပြန် လူငယ်တွေကိုလည်း ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

” ဒီရက်ပိုင်းကတော့ တော်တော် ဆွဲတာ၊ အရက်ဆိုင်တွေကိုလည်း ၀င်ဆွဲတာ၊ အရင်ကဆို ဖမ်းပြီး ဒကစကို ပို့တာလေ။ အခုတော့ စခန်းကြီးဘက်က သင်တန်းကျောင်းကို တန်းပို့တာ။ နေတိုင်းလိုလို စစ်ကားတွေပေါ်မှာ လူငယ်တွေ ပါသွားတာ တွေ့နေရတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်က ဖမ်းဆီးခံရသူတွေကို ‌သိန်း ၂၀ ကနေ ၅၀ လောက်အထိ ပေးပြီး ရွေးရပေမယ့် အခုတော့ အဲဒီလိုမရတော့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့နေတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်လိုင်စင်မပါတာ၊ ဆိုင်ကယ်ဦးထုပ်မပါတဲ့သူတွေကို အရင်က ဒဏ်ငွေပေးဆောင်ရပေမယ့် လက်ရှိမှာ စစ်မှုထမ်းဖို့ ဖမ်းခေါ်‌သွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် ကလေးမြို့မှာ ဒေသခံလူငယ်တွေဟာ အပြင်ထွက်သွားလာ အလုပ်လုပ်ကိုင်ဖို့အတွက် စိုးရိမ်နေရတယ်လို့ ပြောကြပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

တမူး-ကလေးလမ်းတိုက်ပွဲပြင်းထန်နေချိန် ဝိတုပ် ကျေးရွာကိုစစ်ကောင်စီက လေကြောင်းနဲ့ပစ်ကူတိုက်ခိုက်

ဇွန် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတုပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ကူ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်အမြစ်များကဆိုပါတယ်။ ဇွန်လ ၂၃ ရက်နေ့နေ့လည်က ဝိတုပ်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက လေကြောင်းနဲ့ အခုလို ...

ဆက်ဖတ်ရန်