မလေးရှားသွားမယ့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၁ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

ဇွန် ၂၃၊ ၂၀၂၅။

Zalen

မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းက သွားမယ့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတယ်လို့ ဒီနေ့ ဇွန်လ ၂၃ရက်နေ့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖမ်းခံရသူတွေမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၈ ဦးတို့ပါဝင်ပြီး ၎င်းတို့ဟာ ပွဲစားဆီမှာ ထိုင်းဘတ် ၅၅,၀၀၀ ပေးရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Zalen ad

“မလေးရှား သွားမယ့်အမျိုးသားတွေက ပွဲစားခ ထိုင်းဘတ် ၅၅,၀၀၀ ပေးရတယ်။ အမျိုးသမီးတွေက ဘန်ကောက်ထိဆိုတော့ ထိုင်းဘတ် ၁၅,၀၀၀ ပေးရတယ်လို့ပြောတယ်။”လို့ ဖမ်းဆီးခံရမှုဖြစ်စဥ်သိရှိသူတစ်ဦးက ပြောပါတယ်။

၎င်းတို့ကို ဒီနေ့ ဇွန်လ ၂၃ ရက်နေ့၊ မနက် ၄ နာရီ အချိန်ခန့်က ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ၊ ထောင်းဖာဖုမ်ဒေသမှာ အာဏာပိုင်အဖွဲ့က ဖမ်းဆီးခံတာလို့ ဆိုပါတယ်။

အဲဒီမြန်မာနိုင်ငံသားတွေ သယ်ဆောင်လာတဲ့ ကားကို မနေ့ ဇွန်လ ၂၂ ရက်နေ့ ညပိုင်းမှာ သာခနွန့်ကျေးရွာအုပ်စု၊ အမှတ် ၄ ရွာ ဘုန်းကြီးကျောင်း မှာ စောင့်ဆိုင်းပြီး ဖမ်းဆီးခဲ့တာပါ။

ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးနဲ့ ကားသမားကို ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်ဖို့ ထောင်းဖာဖုမ်ရဲစခန်းသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ရန်ကုန်၊ မော်လမြိုင်၊ ဖားကန့်တို့ကဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူ၊ ကန်ချနဘူရီ လမ်းကြောင်းကနေ ထိုင်းနိုင်ငံကို ဝင်ရောက်တာဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံကနေ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ မြန်မာအမျိုးသမီးအပါအဝင် ၂၀ ဦးဟာ ကန်ချဘူရီခရိုင်၊ ထောဖာဖူမြို့၊ ချလူကျေးရွာအုပ်စု ၂ အနီးမှာ ဖမ်းဆီးခံရပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင် လမ်းကြောင်းကနေ တက်လာတဲ့မြန်မာနိုင်ငံသားတွေ နယ်စပ်မှာ မကြာခဏ ဖမ်းဆီးမှုတွေနဲ့ကြုံတွေ့နေရပါတယ်။

သတင်း-ကိုခူမီး

ပုံ- လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ငဖဲ ကပစ ၁၄ ကို CDF-Asho နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီး စစ်ကောင်စီ အရာရှိတဦးအပါအဝင် သုံးဦး သေဆုံး

ဧပြီ ၂၃၊ ၂၀၂၆ Zalen မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က မနေ့ ဧပြီလ ၂၂ ...

ဆက်ဖတ်ရန်