အများပြည်သူအသုံးပြုတဲ့ လမ်းကိုစစ်ကောင် စီက မြေတူးစက်ဖြင့် ဖျက်ဆီး

အောက်တိုဘာ ၆ ၊ ၂၀၂၅

Zalen

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ပေါက်မြို့နယ်အတွင်းရှိ ရွာချင်းဆက် ကားလမ်းကို စစ်ကောင်စီတပ်ဖွဲ့များက မြေတူးစက်ဖြင့် တူးပြီး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

အဆိုပါ ကားလမ်းကတော့ အများပြည်သူအသုံးပြု သွားလာ နေတဲ့ ပေါက်ချောင်းရွာ နဲ့ ပလောင်း ရွာ ကြားက ကားလမ်းဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရက်လောက်ကဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ဒေသခံအမျိုးသားတစ်ဦးက” ပြီးခဲ့တဲ့ ၃ ၊ ၄ ရက်လောက်ကဖျက်သွားတာပါ။ အခုပေါက်ချောင်းရွာကို စစ်ကြောင်းပြန်၀င်နေပါတယ်။ မြို့နယ်အတွင်းက ရွာချင်းဆက်တဲ့လမ်းတွေပါ” လို့ Zalen ကိုပြောပါတယ်။

စစ်ကောင်စီဖျက်ဆီးထားတဲ့လမ်းကိုတော့ပြုပြင်နိုင်ခြင်းမရှိသေးသလို ကပစ ၂၄ က စစ်ကောင်စီတပ်ဖွဲ့ တွေက ပလောင်းရွာမှာလည်းတပ်ပြန်စွဲနေတာကြောင့် လောလောဆယ်ပြုပြင်လို့မရသေးဘူးလို့ ၎င်းက ရှင်းပြပါတယ်။

ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးတာတွေ အဆက်မပြတ်ပြုလုပ်နေကြတာကြောင့် လမ်းသွား၊လမ်းလာ ပြုလုပ်တဲ့ချိန် ဂရုစိုက်သွားလာကြဖို့‌ ဒေသခံသတင်းရင်းမြစ်‌ တွေကတိုက်တွန်းထားပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူ‌ တွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့များက Y12,Y8,Jet Fighter အမျိုးမျိုး ၊ Gyrocropter ၊ Paramotor၊ Drone အမျိုးမျိုး ဖြင့် လေကြောင်း တိုက်ခိုက်မှုများ အပြင် လက်နက်ကြီး ၊ဟောင်ဝှစ်ဇာ အပါအဝင် လက်နက်ကြီးအမျိုးမျိုး ဖြင့် ရမ်းသမ်း ပစ်ခတ်မှု တွေ နေစဥ် လုပ်ဆောင်နေတာ ကြောင့်လေကြောင်း သတိ ၊ စစ်ရေးသတိဖြင့် နေထိုင်ကြဖို့ကိုလည်း ဒေသခံ တော်လှန်ရေးအဖွဲ့အစည်း တွေကအသိပေးထားပါတယ်။

သတင်း – အညာသား

ဓာတ်ပုံ – Pauk Newsletter

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်မှာ မြန်မာဘက်ကဂျင်းတင်သွင်းမှုပိတ်ပင်

မတ် ၅ ၊၂၀၂၆Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း အိမ်နီးချင်းမြန်မာနိုင်ငံကနေ ဂျင်းတင်သွင်းမှုကို ပိတ်ပင်လိုက်တယ်လို့ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပါတယ်။ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက လက်တလောမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် ဂျင်းများတင်သွင်း နေကြတယ်လို့ သတင်းရရှိထားကြောင်း၊ ဒါဟာ ဥပဒေကခွင့်မပြုပေးထားတဲ့အရာဖြစ်လို့ ...

ဆက်ဖတ်ရန်