စစ်ကောင်စီက မတူပီမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲ

အောက်တိုဘာ ၁၀၊၂၀၂၅

Zalen

ချင်းပြည်နယ် ၊ မတူပီမြို့ ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ၊ ည ၈ နာရီ၀န်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မတူပီမြို့ပေါ် အ.ထ.က (၁) ကျောင်းပတ်၀န်းကျင်ကိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လိုဒေသခံတစ်ဦးက “အ.ထ.က (၁) ကျောင်းရဲ့အပေါ်နားကိုပစ်တာ။အဲဒီမှာမီးသတ်ရုံးရှိတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” လို့ Zalen ကိုပြောပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း အတွင်းရှိ မြို့နယ် ၄ ခုမှာ စစ်ကောင်စီက ရွေးကောင်ပွဲကျင်းပတော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ပြီးနောက် လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်လာတာပဲပါတယ်။

မတူပီမြို့ကိုတော့ ချင်းညီနောင် နဲ့ မဟာ မိတ် တပ် ဖွဲ့များက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၂၉ ရက်နေ့မှာ မြို့ကိုပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – ဘုံတလာသား

နောက်ဆုံးရသတင်းများ

တမူး-ကလေးလမ်းတိုက်ပွဲပြင်းထန်နေချိန် ဝိတုပ် ကျေးရွာကိုစစ်ကောင်စီက လေကြောင်းနဲ့ပစ်ကူတိုက်ခိုက်

ဇွန် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတုပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ကူ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်အမြစ်များကဆိုပါတယ်။ ဇွန်လ ၂၃ ရက်နေ့နေ့လည်က ဝိတုပ်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက လေကြောင်းနဲ့ အခုလို ...

ဆက်ဖတ်ရန်