တပ်ရင်းနဲ့ကင်းကွာတဲ့ ရဲဘော်တွေ သတ်မှတ်ရက်အတွင်း သတင်းမပို့နိုင်ပါက တပ်ပြေးအဖြစ်ကြေညာမယ်လို့ဆို

အောက်တိုဘာ ၁၃၊ ၂၀၂၅

Zalen

အမျိုးသားညီညွတ်ရေး အစိုးရ ၊ကာကွယ်ရေး ဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ဂန့်ဂေါခရိုင် စစ်ဌာန၊ဂန့်ဂေါခရိုင် တပ်ရင်း ၄ မှာ တာ၀န်ထမ်းဆောင်နေကြတဲ့ တပ်ရင်းနဲ့ကင်းကွာတဲ့ ရဲဘော်တွေ သတ်မှတ်ရက်အတွင်း သတင်းမပို့နိုင်ပါက တပ်ပြေးအဖြစ် ကြေညာသွားမယ်လို့ အောက်တိုဘာ ၁၃ ရက်ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ တပ်ရင်းနဲ့ ကင်း ကွာနေတဲ့ရဲဘော်၊ ရဲမေများ အနေနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း ၄ ထံ အောက်တိုဘာလ ၂၀ ရက်နေ့နောက်ဆုံးထားပြီး လာရောက်တာဝန်ထမ်းဆောင်ကြဖို့ အသိပေးထားပါတယ်။

Zalen ad

ဒီကြေညာချက်ထုတ်ပြန်တဲ့ နေ့ရက်အမှီ လာရောက်တာဝန်မထမ်းဆောင်တဲ့တပ်ရင်းကင်း ကွာ ရဲဘော်၊‌ရဲမေ တွေကိုတော့ ရဲဘော် တပ် ပြေး အဖြစ် တပ်ရင်းကနေလည်းအမည်စာရင်းများကို ကြေညာချက်ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် သတ်မှတ်ရက်အတွင်း တပ်ရင်းသို့ ပြန်လည်ရောက်ရှိခြင်း ၊ချိတ်ဆက်ခြင်းမရှိပါက ပုံ ၊ မိဘအမည် ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပတ်၊ နေရပ်လိပ်စာ နှင့် တကွ တပ်ပြေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းအတိုင်း တပ်ရင်း အနေနဲ့ထုတ်ပြန်သွားမယ်လို့ သတိ ပေးထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Zalen အနေနဲ့အသေး စိတ်သိရှိနိုင်ဖို့ ဂန့်ဂေါခရိုင်စစ်ဌာန ၊ ဂန့်ဂေါခရိုင်တပ်ရင်း ၄ ထံကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့တုန်းကလည်း ဂန့်ဂေါခရိုင် တပ်ရင်း ၄ က တပ်ရင်းနဲ့ကင်းကွာပြီး ခွင့်မဲ့၊ခွင့်ရက်လွန်တဲ့ ရဲဘော်တွေကို သတ်မှတ်ရက်အတွင်းပြန်လည်းသတင်းပို့ရန်၊ တာ၀န်ထမ်းဆောင်ခြင်းမရှိပါက တပ်ရင်း စည်းမျဉ်းစည်းကမ်းတွေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

သတင်း – နွေဦး

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်