လက်နက်ကြီးကျပြီးနောက် ထိုင်း- မြန်မာနယ်စပ် လှေဆိပ်တွေအားလုံး ထိုင်းဘက်က ပိတ်ထား

ဒီဇင်ဘာ ၁၊ ၂၀၂၅ ။

Zalen

မြန်မာစစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် နယ်စပ်ရှိ စက်လှေဂိတ်တွေ အားလုံးကို ၇ ရက် ပိတ်ထားမယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့တွင် ထိုင်းအာဏာပိုင်ဘက်က ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတား ကလွဲပြီး လှေဂိတ်တွေ အားလုံးကို ၇ ရက် ပိတ်ထားမှာ ဖြစ်တယ်လို့ မဲဆောက်ရောက်မြန်မာတွေဆီက သိရပါတယ်။

Zalen ad

ကရင်ပြည်နယ် မြဝတီမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေး မင်းလက်ပံကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးကျည်တွေဟာ နို၀င်ဘာ ၃၀ ရက်နေ့က ထိုင်းဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

အဲဒါကြောင့် ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ်၊ မယ့်ကိုကင်းရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသလို နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

အဲဒီနောက် ထိုင်းစစ်တပ်က သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းတော်ဝင်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နေ့စဉ် လူနဲ့ ပစ္စည်းတွေ သယ်ယူနေကြတဲ့ စက်လှေဂိတ် အကြီးအသေး ၅၀ ကျော်ရှိပြီး ထိုင်းအာဏာပိုင်တွေက တချို့စက်လှေဂိတ်တွေကို ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်တချို့ ချထားကာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျရောက် ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကြီးကျည်ဟာ မြန်မာနိုင်ငံသားကို ပြန်ထိတာဖြစ်ပြီး ထိုင်းနိုင်ငံသားကို ထိခိုက်တာမဟုတ်ဘူး လို့ စစ်တပ်ပိုင် ရုပ်သံဌာနကနေ ပြန်လည် ဖြေရှင်းပြောဆိုထားပါတယ်။

သတင်း – Mary

ဓာတ်ပုံ – လူမှုကွန်ရက်

#လက်နက်ကြီးကျ#ထိုင်း#မြန်မာ

#လှေဆိပ်#နယ်စပ်#Zalen

နောက်ဆုံးရသတင်းများ

အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်ဘေးရှောင်အချို့ ဘိန်းခင်းတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြရ

မတ်  ၂၊  ၂၀၂၆ Zalen အလုပ်အကိုင်းရှားပါးလာနေတာကြောင့် စစ်ဘေးရှောင်အချို့ ချင်းပြည်နယ် အချို့ဒေသများရှိ ဘိန်းစိုက်ခင်းများတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြရတယ်လို့ ဘိန်းခင်းတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသူများထံမှ သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် စစ်ကိုင်းတိုင်းတမူးခရိုင်အတွင်းရှိ‌ ဒေသခံပြည်သူများဟာ ...

ဆက်ဖတ်ရန်