ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။

Zalen

Zalen ad

ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။

အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ဖလမ်းမြို့နယ်ရှိ Cer Hmunရွာက ရွာသားတဦးဖြစ်ပါတယ်။

လက်ရှိတွင် သေဆုံးသူရဲ့ မိဘနှပါးဟာ တီအိုချောင်းဘက်သို့ စစ်ရှောင်နေရတယ်လို့ သူတို့နဲ့နီးစပ်သူကဆိုပါတယ်။  

ယင်းအကြောင်းအရာနဲ့ပတ်သက်လို့  “အဲ့စစ်သားတွေက ဘာကြောင့်ပစ်သတ်တာလဲ ကျမတို့လည်း အသေးစိတ်မသိပါဘူး၊ ကျမတို့တွေလည်း သေနတ်သံကြားတော့ လန့်သွားတယ် သွားတော့မစပ်စုရဲဘူး သူတို့တွေကသေနတ်တွေနဲ့ဆိုတော့လေ ။ ဒီနေ့က ပုံမှန်နေ့ထက်လုံခြုံရေးတွေလည်း တင်းကျပ်နေတယ် ” လို့ နယ်ခံအမျိုးသမီးတဦးက ဆိုပါတယ် ။

ဒီနေ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့သား အခမ်းအနားကို ဟားခါးမြို့ စုပေါင်းရုံးမှာ ကျင်းပနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်လည်း တက်ရောက်တယ်လို့သိရပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ကလည်း အကြမ်းဖက်စစ်ကောင်စီပ ကျင်းပမယ့် (၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားမှာ ပြည်သူများပူးပေါင်း ပါဝင်ခြင်းမပြုကြဖို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း-Zaya Moon

ဓာတ်ပုံ-လူမှုကွန်ယက်

#ဟားခါးမြို့#လျှပ်စစ်ဝန်ထမ်း#ပစ်ခံရ# Zalen

နောက်ဆုံးရသတင်းများ

ချင်းအမျိုးသားနေ့တွင် အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းနဲ့ ဟားခါးကြားရှိ ကျေးရွာများကို ဗုံးကြဲ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဒီနေ့ကျရောက်တဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံပြိုကွဲစေမည့် အဖျက်လုပ်ရပ်များကို သတိပြုရန် သဝဏ်လွှာပေးပို့ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းနဲ့ ဟားခါးကြားရှိ Zalai၊ Taal၊ ...

ဆက်ဖတ်ရန်