ဂန့်ဂေါမြောက်ပိုင်း ပျူစောထီးရွာတချို့မှာ ဆားစျေးများအဆမတန်မြင့်တက်နေ

ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၆

Zalen

Zalen ad

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြောက်ပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးကျေးရွာ တစ်ချို့တွေမှာ ဆားတစ်ပိဿာ နှစ်သိန်း ကနေ ငါးသိန်းအကြား ထိဈေးတွေမြင့်တက်နေတယ်လို့ဒေသခံ တွေ နဲ့နီးစပ်သူတွေထံက သိရပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ ၊ဆန် စတဲ့ ဒေသထွက် ကုန်စည်တွေကတော့ ဈေးအဆမတန်ကြီးတာမျိုးမရှိပေမဲ့ ဒေသထွက်မဟုတ်တဲ့ကုန်စည် တွေကတော့  အဆမတန် ဈေးတက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံ တွေနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦး ကတော့” ဆားက အဓိကမို့ ဝယ်သုံးကြတာ ။ကျန်တာ ငါးပိ ၊ဟင်းချို ပိုဈေးကြီးတယ် ။မဝယ်နိုင်ကြဘူး။အရင်က ဟုတ်တယ် ၅ သိန်းကျော်ထိ ပေးရတယ်လို့ ပြောတယ်” လို့ Zalen ကိုပြောပါတယ်။

ဒီစားသောက်ကုန်ပစ္စည်း တွေကတော့ ဟံသာ၀တီ ၊မြောက်ခင်ရန်း ရွာတွေထဲ ဘယ်ကနေ ၀င်ရောက်တယ်ဆိုတာ မသိရဘဲ စစ်ကောင်စီကတော့ တစ်လ ကို ၁ ကြိမ် ခန့် ထောက်ပို့ယာဉ် တွေနဲ့ ရိက္ခာလာရောက်ပို့ချ ပေးတာရှိတယ်လို့ သိရပါတယ်။

ယခုလ ဖေဖော်ဝါရီ လလယ် ပိုင်းတုန်းက

 ဟံသာ၀တီ ရွာကို စစ်ကောင်စီထောက်ပို့ရဟတ်ယာဉ် MI-17 ဆင်းတက်ခဲ့တယ်လို့သိရပြီး ရိက္ခာထုပ်ချပေးတာ ရှိ၊ မရှိ ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊နို၀င်ဘာလ တုန်းက

ပျူစောထီးကျေးရွာ‌တွေဖြစ်တဲ့ မြောက်ခင်ရန်း ၊ ဟံသာ၀တီကျေးရွာ တွေမှာ စစ်ကောင်စီတပ်က Y-12 ၊ စစ်ထောက်ပို့ရဟတ်ယာဉ်တွေနဲ့ ရိက္ခာတွေကို လာရောက်ပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

ဟံသာ၀တီ နဲ့ မြောက်ခင်ရန်း ကျေးရွာတွေကတစ်ရွာအိမ်ခြေ ထောင်ကျော်ရှိနေပြီး ၂၀၂၁ ခုနှစ်၊ မတိုင်မီ ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို အားပေးကြသူတွေဖြစ်သလို ၂၀၂၁ ခုနှစ် ‌၊ စစ်တပ်အာဏာသိမ်းပြီး နောက် စစ်ကောင် စီ လက်အောက်ခံ ပြည်သူ့စစ်( ပျူစောထီး) အဖြစ် ဆက်လက်ရပ်တည်နေကြတယ်လို့ သိရပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်