ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆

Zalen

Zalen ad

မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

ဒါဟာ ယခင်နှစ်များထက် ထိခိုက်မှုနှုန်း နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်ပြီး အရပ်သားများမှာ အဓိက သားကောင်တွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦး အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီပမာဏဟာ ၂၀၂၃ ခုနှစ်ကထက် ၁၀၀ ရာခိုင်နှုန်း (နှစ်ဆ) မြင့်တက်လာခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆနီးပါး ခုန်တက်သွားခြင်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ၈၆ ရာခိုင်နှုန်းသော မြေမြှုပ်မိုင်းထိခိုက်သူတွေဟာ သာမန်အရပ်သားတွေ ဖြစ်နေပြီး သုံးပုံနှစ်ပုံဟာ လူသတ်မိုင်း တွေကြောင့် ဖြစ်ရတာပါ” လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်း ဖြစ်ပွားလာတဲ့ စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၁၁ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပျံ့နှံ့နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ မြေမြှုပ်မိုင်းတားမြစ်ရေးစာချုပ်မှာ ပါဝင်ခြင်းမရှိသေးသလို၊ လက်ရှိမှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ကျန်းမာရေးဌာနတွ ထိခိုက်ပျက်စီးတာနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် မိုင်းဒဏ်သင့်သူတွေမှာ အရေးပေါ်ဆေးကုသမှုနဲ့ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုတွေကို ထိရောက်စွာ မရရှိဘဲ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပါတယ်။

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံဟာ “မြေမြှုပ်မိုင်းများ ပြန့်ကျဲနေတဲ့ နိုင်ငံ” ဖြစ်လာပြီး ရေရှည်တွင် လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ ကြီးမားစွာ ခံစားရနိုင်တယ်လို့ သတိပေးထားပါတယ်။

မြေပြင်တွင် သတင်းပို့ရန် ခက်ခဲတာကြောင့် အမှန်တကယ် ထိခိုက်သေဆုံးသူ အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းလည်း ခန့်မှန်းထားကြပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#LandmineandClusterMunitionMonitor #၂၀၂၅ ခုနှစ်အစီရင်ခံစာ#မြန်မာနိုင်ငံ#Zalen

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်