ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆
Zalen

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။
လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို လောင်တလိုင်ခရိုင်၊ ရူလ်းကွာလ်း ( Rulkual ) ကျေးရွာ၊ ဘူဖာလ်ချောင်း အနီးတစ်နေရာမှာရှာတွေ့ထားတယ်လို့သိရပါတယ်။
အဆိုပါ ဘိန်းစိုက်ခင်းနေရာကိုတာဝန်ရှိသူများသွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဘိန်းစိုက်ခင်းဟာ စတုရန်းပေ ၅၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
ယင်းဘိန်းစိုက်ခင်း နဲ့ပတ်သက်သူ အသက် ၄၈ နှစ်အရွယ် လာလ်ဇို ( Lalzo ) နဲ့ အသက် ၅၀ အရွယ် အောင်လိန်း ( Aung Ling ) တို့ကိုဖမ်းဆီးထားပြီး သူတို့နှစ်ဦးဟာ လောင်တလိုင်ခရိုင် အရှေ့ Saizawh ကျေးရွာမှာ နေထိုင်သူများဖြစ်ကြတယ်လို့သိရပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးကို လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားသားများအက်ဥပဒေ အပြင် မူးယစ်ဆေးနဲ့စိတ်ကိုပြောင်း လဲစေနိုင်သောဆေးဝါးများအက်ဥပဒေ ( ND&PS) တို့ဖြင့် တရားစွဲဆိုထားတယ်လို့သိရပါတယ်။
သတင်း – Mickey
ဓာတ်ပုံ-လူမှုကွန်ယက်
#မီဇိုရမ်ပြည်နယ်#လောင်တလိုင်ခရိုင်#ဘိန်းစိုက်ပျိုးသူ#ဒရုန်း #Zalen

















