ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၁‌၂ဦး ပြန်လွတ်လာ

မတ် ၂၊ ၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးပါ၀င်လာတယ်လို့ သိရပါတယ်။

ပြန်လွတ်လာသူတွေဟာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ လေးဦးနဲ့ အမျိုးသား ရှစ်ဦး စုစုပေါင်း ၁၂ ဦးကို ပြန်လွတ်ပေးခဲ့တာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

” ဒီနေ့ ကလေးမော်လိုက်အကျဉ်းထောင်ကနေ နိုင်ကျဉ်း ၁၂ ဦးပါတယ်၊ ကျား ရှစ်ဦး၊ မ လေးဦးပေါ့နော်။ ၅၀(ည)နဲ့ ၅၂(က)တွေ ပြန်လွတ်လာတာ။ ဘယ်လောက်ပါပါ ပြန်လွတ်လာသူ‌တွေအတွက် ၀မ်းသာရပါတယ်။ ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတ၀န်းက အကျဥ်းထောင်တွေကနေ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၇၃၃၇ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပြီး ၁၂၄၈၇ ဦး အမှုရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသား ၃၂၄ ဦး လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပေါင်းတည်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုးဦး၊ သာယာဝတီ‌အကျဉ်းထောင်က ၃၁ ဦး ၊  ဒိုက်ဦး‌ထောင်က ၂၆ ဦး ၊ မအူပင်ထောင်က ၄၆ ဦး၊ ကော့သောင်းထောင်က ခြောက်ဦး၊ ပခုက္ကူထောင်က ၈၀ ဦး၊ ကလေး‌ထောင်က ၁၂ဦး၊ ပြည်အကျဉ်းထောင် က ၂၄ဦး၊ သထုံထောင်က ၆၁ဦး နဲ့ မြိတ်ထောင် ၂၉ဦး တို့ လွတ်မြောက်လာခဲ့တာပါ။

သတင်း – Helen

ဓာတ်ပုံ-လူမှုကွန်ယက်

#ကလေးမြို့#အကျဉ်းထောင်#လွတ်မြောက်#Zalen

နောက်ဆုံးရသတင်းများ

လွန်ခဲ့သော ၁၄၀ ကျော်က ဗြိတိသျှအရေးပိုင်တစ်ဦး မြင်ခဲ့တဲ့ ရခိုင်ရိုးမပေါ်က ချင်းကမ္ဘာ

Salai Tun Hla Kyaw Major W. Gwynne Hughes ရဲ့ The Hill Tracts of Arakan (1881) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်၊ ...

ဆက်ဖတ်ရန်