တရုတ်က အီရန် အပြည့်အဝထောက်ခံအားပေးကြောင်းဆို

မတ် ၃၊ ၂၀၂၆

Zalen

Zalen ad

အီရန်နဲ့ ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားပြီး အီရန်ရဲ့ နိုင်ငံအချုပ်အခြာ၊ နယ်နိမိတ်တည်တံ့ခိုင်မြဲရေးနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းနေမှုတွေအပေါ် အပြည့်အဝထောက်ခံတယ်လို့ တရုတ်က ပြောလိုက်ပါတယ်။

မတ်လ ၂ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi တို့ ဖုန်းဆက်ပြီး ဒေသတွင်းအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းအခြေအနေ‌တွေပြောရာမှာ အီရန် – အမေရိကန် ဆွေးနွေးပွဲတွေ လုပ်နေချိန်အတွင်း အမေရိကန်ဘက်က စစ်ရေးလှုပ်ရှားမှု စတင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပြီး အီရန်ရဲ့ “အနီရောင်မျဉ်း” ကို ကျော်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် အီရန်အနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ မဖြစ်မနေ လုပ်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ တရားမျှတသောရပ်တည်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး၀န်ကြီး ဝမ်ယိကလည်း တရုတ်နိုင်ငံရဲ့ မူဝါဒအရ အီရန်ရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ထိန်းသိမ်းဖို့ ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

ဒါအပြင် စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ တင်းမာမှုတွေ မမြင့်တက်အောင် ထိန်းချုပ်ဖို့နဲ့ ဒေသတွင်း ပဋိပက္ခ မပြန့်ပွားအောင် လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

တရုတ်ဘက်က အီရန်ရှိ တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံရေး ရရှိမယ်လို့ ယုံကြည်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Mary

ကိုးကား-နိုင်ငံတကာသတင်းများ

#နိုင်ငံတကာသတင်း#တရုတ်#အီရန် #Zalen

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်