တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော်အလင်းဝင်လာတယ်လို့ စစ်တပ်ထောက်ခံသူများဝါဒဖြန့်နေ

မတ်လ ၁၉၊ ၂၀၂၆

Zalen

အကြမ်းဖက်စစ်ကောင်စီကိုတော်လှန်နေတဲ့ တပ်ဖွဲ့ဝင်များထဲက လူပေါင်း ၅၀၀ ကျော် လက်နက်ချ အလင်းဝင်လာကြတယ်လို့ စစ်ကောင်စီကို အားပေးထောက်ခံနေကြတဲ့ လော်ဘီများ၊ မီဒီယာများက ဒီကနေ့ ထုတ်ပြန်လာကြပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီကနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းမှာ မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ အလင်းဝင်လာသူများကြိုဆိုတဲ့ အခမ်းအနားကိုကျင်းပခဲ့တာလို့ဆိုပါတယ်။

Zalen ad

အလင်းဝင်လာသူများနက် မန္တလေးတိုင်းအတွင်းလှုပ်ရှားနေကြတဲ့ မန္တလေး PDF ၊ TNLA ၊ AA နဲ့ အခြားသော အဖွဲ့အစည်းများပါဝင်ပြီး အမျိုးသား ၄၅၃ ဦးနဲ့ အမျိုးသမီး ၅၃ ဦးအားလုံးပေါင်း ၅၀၆ ဦးရှိတယ်လို့ဆိုပါတယ်။

အလင်းဝင်လာသူများက လက်နက် အလက် ၁၀၀ ဝန်းကျင်နဲ့ ခဲယမ်း ၆၀၀၀ ကျော်ယူဆောင်လာခဲ့ကြတယ်လို့ လည်း ဖော်ပြထားပါတယ်။

၎င်းတို့ဟာ ပေါ်တာဆွဲပြီးအတင်းအဓမ္မစစ်သားစုဆောင်းရေးတွင်ဖမ်းဆီးသူများလည်းပါဝင်တယ်လို့သိရတယ်။

အဆိုပါအခမ်းအနားမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဌေးအောင် တို့က ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ ပြီးသူ မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့တယ်လို့ ဝါဒါဖြန့်ထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့များဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ဖြေရှင်းတာမျိုး မတွေ့ရ သေးပါ။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ထိုင်းဝန်ကြီးချုပ်အဖြစ် အနုတင် ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံရ

မတ် ၁၉၊ ၂၀၂၆ Zalen ဖုမ်ကျိုင်ထိုင်းပါတီ (BJT) ရဲ့ ခေါင်းဆောင် အနုတင် ချန်ဝီရာကူးဟာ မတ်လ ၁၉ ရက်နေ့ ဒီနေ့မှာကျင်းပတဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ထောက်ခံမဲ ၂၉၃ မဲ ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ...

ဆက်ဖတ်ရန်