နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆

Zalen

ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။

နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ စိတ်အေးချမ်းစေဖို့နဲ့ လူသားချင်း စာနာမှုကို အလေးထားတဲ့အနေနဲ့ပါ အကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ အကျဉ်းသား/သူတွေကို အခုလို လျှော့ပေါ့ပေးလိုက်တာလို့ ဆိုပါတယ်။

Zalen ad

လွတ်ငြိမ်းသက်သာရရှိသူတွေထဲမှာ သေဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း အဖြစ် လျော့ချ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ထောင်ဒဏ်တစ်သက်နဲ့ နှစ် ၄၀ အထက် ကျခံနေရသူတွေကိုတော့ ထောင်ဒဏ် နှစ် ၄၀ အဖြစ် လျှော့ပေါ့ပေးလိုက်ပါတယ်။

ဒါပေမဲ့ အရင်လွတ်ငြိမ်းခွင့်အမိန့်တွေတုန်းက သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် ပြောင်းထားပြီးသားသူတွေတော့ မပါဘူးလို့ဆိုပါတယ်။

ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံနေရသူတွေကျတော့ ကျန်နေတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ ကို လျှော့ပေးမှာ ဖြစ်ပါတယ်။

ဒီလွတ်ငြိမ်းခွင့်ဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မတိုင်ခင် ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ အားလုံးနဲ့ သက်ဆိုင်တယ်လို့ သိရပါတယ်။

ဒါဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတနေရာယူပြီး ပထမဆုံးအကြိမ် လွတ်ငြိမ်းခွင့်ပေးတာဖြစ်ပေမယ့် ကွင်းလုံးကျွတ် လွတ်ငြိမ်းရသူတစ်ဦးမှ မရှိသေးပါဘူး။

Helen

နောက်ဆုံးရသတင်းများ

အိန္ဒိယ သန်ခေါင်စာရင်းမှာ မြန်မာစစ်ရှောင်များကိုလည်းထည့်သွင်းရေတွက်မယ်

ဧပြီလ ၁၆၊ ၂၀၂၆ Zalen လက်ရှိကောက်ယူနေတဲ့ အိန္ဒိယ သန်ခေါင်စာရင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်ခိုလှုံကြတဲ့ စစ်ရှောင်များကိုပါ ထည့်သွင်းရေတွက်သွားမယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ် သန်ခေါင်စာရင်း မှာလည်း အိမ်နီးချင်း ပြည်နယ် ...

ဆက်ဖတ်ရန်