အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်း တပ်စခန်းကနေ ရဲ ၄ ဦး ပြည်သူ့တပ်ထံဝင်ရောက်ခိုလှုံ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ အမှတ် (၂)ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းတပ်စခန်းကနေ ရဲ ၄ ဦးဟာ မတ်လ ၆ ရက်က လက်နက်မပါဘဲ ဒေသကာကွယ်ရေးတပ်ထံဝင်ရောက်ခိုလှုံကြတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ဟာ ဖေဖော်ဝါရီလ ၂၆ ရက်က ဖလမ်းမြို့ကနေ ရဟတ်ယာဉ်နဲ့ ရိခေါ်ဒါရ်မြို့သို့တပ်ပြောင်းလာတဲ့သူတွေလို့လည်းသိရတယ်။

ဖလမ်းမြို့ကနေထွက်လာစဉ် ၎င်းတို့မှာ လက်နက်မပါပေမယ့် ရိခေါ်ဒါရ်မြို့ တပ်စခန်းက လက်နက်တပ်ဆင်ပေးတယ်လို့သိရပါတယ်။

Zalen ad

ဒေသကာကွယ်ရေးတပ်ဖွဲ့ထံခိုလှုံလာတဲ့ သူတွေကတော့ ရဲတပ်သား ကမ်ဒိမ့်ပေါင် (Kam Deih Pau)၊ ရဲတပ်သား လားတီရယ်ထန် (Lal Tial Thang)၊ ရဲတပ်သား ထန်ကြွမ်မန် (Thang Cuan Mang) နဲ့ ရဲဒုတပ်ကြပ် တွန်ပေါင်ပြန် (Tuan Pau Pian) တို့ဖြစ်ပါတယ်။

အချင်းချင်း မတိုက်ခိုက်လိုတာကြောင့်ဟုဆိုကာ မြို့ထဲအလုပ်ခိုင်းတဲ့ချိန်မှာ အရပ်သားအင်္ကျီနဲ့ထွက်လာပြီး တဖက် အိန္ဒိယဘက်ကမ်းသို့ထွက်ပြေးလာကြခြင်းဖြစ်ပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ကို လွှတ်မြောက်နယ်မြေသို့ပို့ဆောင်ကြပါတယ်။ ၎င်းတို့မိသားစုတွေလည်း လွှတ်ြမောက်ရာသို့ရောက်ရှိကြပြီလို့သိရတယ်။

Zawgyi

အိႏၵိယ-ျမန္မာနယ္စပ္ တီအိုေခ်ာင္း တပ္စခန္းကေန ရဲ ၄ ဦး ျပည္သူ႔တပ္ထံဝင္ေရာက္ခိုလႈံ

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ရိေခၚဒါရ္ၿမိဳ႕ အမွတ္ (၂)ရပ္ကြက္ (တီအိုေခ်ာင္း) ေတာင္ကုန္းတပ္စခန္းကေန ရဲ ၄ ဦးဟာ မတ္လ ၆ ရက္က လက္နက္မပါဘဲ ေဒသကာကြယ္ေရးတပ္ထံဝင္ေရာက္ခိုလႈံၾကတယ္လို႔သတင္းရရွိပါတယ္။

၎တို႔ဟာ ေဖေဖာ္ဝါရီလ ၂၆ ရက္က ဖလမ္းၿမိဳ႕ကေန ရဟတ္ယာဥ္နဲ႔ ရိေခၚဒါရ္ၿမိဳ႕သို႔တပ္ေျပာင္းလာတဲ့သူေတြလို႔လည္းသိရတယ္။

ဖလမ္းၿမိဳ႕ကေနထြက္လာစဥ္ ၎တို႔မွာ လက္နက္မပါေပမယ့္ ရိေခၚဒါရ္ၿမိဳ႕ တပ္စခန္းက လက္နက္တပ္ဆင္ေပးတယ္လို႔သိရပါတယ္။

ေဒသကာကြယ္ေရးတပ္ဖြဲ႕ထံခိုလႈံလာတဲ့ သူေတြကေတာ့ ရဲတပ္သား ကမ္ဒိမ့္ေပါင္ (Kam Deih Pau)၊ ရဲတပ္သား လားတီရယ္ထန္ (Lal Tial Thang)၊ ရဲတပ္သား ထန္ႂကြမ္မန္ (Thang Cuan Mang) နဲ႔ ရဲဒုတပ္ၾကပ္ တြန္ေပါင္ျပန္ (Tuan Pau Pian) တို႔ျဖစ္ပါတယ္။

အခ်င္းခ်င္း မတိုက္ခိုက္လိုတာေၾကာင့္ဟုဆိုကာ ၿမိဳ႕ထဲအလုပ္ခိုင္းတဲ့ခ်ိန္မွာ အရပ္သားအက်ႌနဲ႔ထြက္လာၿပီး တဖက္ အိႏိၵယဘက္ကမ္းသို႔ထြက္ေျပးလာၾကျခင္းျဖစ္ပါတယ္။ ေဒသကာကြယ္ေရးတပ္ဖြဲ႕က ၎တို႔ကို လႊတ္ေျမာက္နယ္ေျမသို႔ပို႔ေဆာင္ၾကပါတယ္။ ၄င္းတုိ႔မိသားစုေတြလည္း လႊတ္ျေမာက္ရာသို႔ေရာက္ရွိၾကၿပီလို႔သိရတယ္။

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်