Benjamin Sum အတွက် နှစ်ရက်အတွင်း သိန်း (၂၂၀)ကျော်ရပြီ၊ သိန်း (၅၀၀)ရဖို့မျှော်မှန်း

Myanmar Idol Season 4 ရဲ့ Top 3 စာရင်းဝင် Benjamin Sum ကို ဂုဏ်ပြုချီးမြှင့်ဖို့ Gofundme မှ နှစ်ရက်အတွင်း ကျပ် (၂၂၆)သိန်းကျော်ရပါပြီ။

အမေရိကန်ဒေါ်လာနဲ့ ဆို (၁၆,၁၈၅)ဒေါ်လာဖြစ်ပြီး တစ်ဒေါ်လာတွင် ငွေလဲနှုန်း ၁၄၀၀ကျပ်နဲ့ တွက်ထားပါတယ်။

ယင်း Gofundme ကို အမေရိကနိုင်ငံ အင်ဒီယာနားပိုလစ်မြို့က Summer တစ်ယောက်ဖြစ်တဲ့ David Taisun က ဒီဇင်ဘာလ (၂၉)ရက်က စတင်ပြုလုပ်ခဲ့တာပါ။

ရည်ရွယ်ချက်ကတော့ Benjamin Sum ရဲ့ရှေ့လျှောက် အနုပညာလုပ်ငန်းအတွက် ဖြစ်ပြီး ယင်း ဂုဏ်ပြုချီးမြှင့်ငွေအားလုံးဟာ Benjamin Sum ထံပေးအပ်သွားမယ်လို့ဆိုပါတယ်။

Benjamin Sum အတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်လိုသူများအတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်ထိ ထည့်ဝင်နိုင်ပါတယ်လို့ရေးထားပါတယ်။

https://www.gofundme.com/f/support-benjamin-ben-ben?utm_source=facebook&utm_medium=social&utm_campaign=m_pd+share-sheet&fbclid=IwAR1LdfWC-TQgKFYgwtynUpU7yi4IUrMcARVdKZZwK1lrL8gvI8p7uDl3SHI

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်