BGF ခေါင်းဆောင်တွေကို ထိုင်းနိုင်ငံအတွင်းဝင်လာရင် ဖမ်းမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဆို

၁၃၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ ဒုခေါင်းဆောင်နှစ်ဦးကို ထိုင်းနိုင်ငံကို ဝင်လာတာနဲ့ ဖမ်းဆီးအရေးယူသွားမယ်လို့ ထိုင်းအစိုးရရဲ့ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Mr. Phumtham Wechayachai ကပြောကြောင်း ထိုင်းအခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

ကျားဖြန်တွေမှာ လူကုန်ကူးခံရတဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်လို့ ဆိုပြီး ထိုင်းဘက်က သူတို့ကို ဝရမ်းထုတ်ဖို့ ကြိုးစားနေပြီး ဖမ်းဆီးဖို့အတွက် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့မရတာကြောင့် သူတို့ကိုဖမ်းဖို့ ထိုင်းနိုင်ငံထဲ ဝင်လာချိန်ကို စောင့်ဆိုင်းရမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

Zalen ad

ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဆီးဖို့ ဖမ်းဝရမ်းတောင်းခံထားပြီး လက်ရှိမှာတော့ ရာဇဝတ်တရားရုံးရဲ့ ဖမ်းဝရမ်းအတည်ပြုချက်ရဖို့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တာ့ခ်ခရိုင် မဲဆောက်၊ မဲရမတ်နဲ့ ဖော့ဖရာခရိုင် ရဲစခန်းသုံးခုက ရဲအရာရှိတွေအပါအဝင် ထိုင်းရဲအရာရှိ ငါးဦးကိုလည်း လူကုန်ကူးမှုဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိ၊မရှိ စုံစမ်းစစ်ဆေးနေပြီး ရာထူးတွေကနေ ပြောင်းရွှေ့နေရာချထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ဗိုလ်မှူးကြီး စောချစ်သူက ငြင်းဆိုထားပြီး လူကုန်ကူးခံရသူတွေကို ထိုင်းနယ်စပ်ကတဆင့် စစ်တပ်ဆီ ပြန်ပို့ပေးနေတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မြန်မာရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ဒရုန်းပေးပို့မှုတို့ဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယမှာ ဖမ်းဆီး

မတ် ၁၇၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမေရိကန်နိုင်ငံသား ...

ဆက်ဖတ်ရန်