ထိုင်းမှာ လုပ်ခ လစာမရရှိမှုကြောင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာလုပ်သား ၄ ဦး ဝန်ခံ

မေ ၄၊ ၂၀၂၆
Zalen

ထိုင်းနိုင်ငံ၊.ချင်းမိုင်ခရိုင်၊ မယ်ရင်း (Mae Rim) ရှိ အလုပ်သမားစခန်းတခုမှာ ၎င်းတို့၏ အလုပ်ရှင်ကို သတ်ဖြတ်မှုဖြင့် မြန်မာလုပ်သား ၄ ဦးကို ယမာန်နေ့ မေ ၂ ရက်က ချင်းရိုင်နယ်စပ်မှာ မဖြတ်ကျော်မီ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးခံရတွေမှာ စု၊ ယောင်း၊ ဒမ် နဲ့ ဘော့စ် အမည်ရှိ မြန်မာနိုင်ငံသား ၄ ဦးဖြစ်ပြီး ၎င်းတို့ကို လူတဦးကို ဓားနဲ့ဝိုင်းဝန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားပါတယ်။

Zalen ad

ချင်းရိုင်ရဲတပ်ဖွဲ့ဟာ သံသယရှိသူ ၄ ဦးကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ ပြင်ဆင်နေစဉ် ဝပ်ရွန်ခွန် (Wat Rong Khun) အနီးမှာ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းတို့ကို ဥပဒေအရ အရေးယူနိုင်ဖို့ မယ်ရင်းရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သတ်ဖြတ်မှုဟာ မေလ ၁ ရက်နေ့ နံနက် ၂ နာရီခန့်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ အသက် ၄၉ နှစ်အရွယ် ဦးဆိုမ်ချိုင်း ရှမ်းလူမျိုးဖြစ်ကာ သံသယရှိသူ ၄ ဦးနဲ့အတူ အလုပ်သမားစခန်းမှာ နေထိုင်သူဖြစ်ပါတယ်။

သံသယရှိသူ ၄ ဦးဟာ မပေးရသေးတဲ့ လုပ်ခလစာတွေနဲ ပတ်သက်ပြီး အငြင်းပွားပြီးနောက် သတ်ဖြတ်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ စုံစမ်းစစ်ဆေးမှုအရ ဦးဆိုမ်ချိုင်း အိပ်ပျော်နေစဉ် စု နဲ့ ယောင်း တို့က လည်ပင်းကို လှီးဖြတ်ပြီး ဓားဖြင့် ထိုးသတ်ခဲ့ပြီး၊ ဒမ် နဲ့ ဘော့စ် တို့က ကင်းစောင့်ပေးခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ၎င်းတို့ ၄ ဦးစလုံး စခန်းမှ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

CCTV မှတ်တမ်းများအရ ၎င်းတို့ဟာ အခင်းဖြစ်ရာနေရာမှ ထွက်ခွာသွားပြီး ချင်းရိုင်သို့ ဦးတည်သွားသည်ကို တွေ့ရှိခဲ့ရကာ နယ်စပ်မကူးမီ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ဆေးမေးမြန်းမှုအတွင်း သံသယရှိသူတွေက ၎င်းတို့ကျူးလွန်ကြောင်း ဝန်ခံခဲ့ကြပြီး ဦးဆိုမ်ချိုင်းဟာ ၎င်းတို့ရဲ လုပ်ခလစာတွေကို ပေးဖို့ငြင်းဆန်ခြင်း၊ တောင်းမှပေးခြင်းမျိုးတွေ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း-ဆလိုင်း
ကိုးကား-The Thaiger
#ထိုင်း #လူသတ်မှု #မြန်မာ #လုပ်ခလစာ #Zalen

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်