ချစ်ခြင်းနွေ/ ၇၊ အောက်တိုဘာ၊ ၂၀၂၃
Zalen
ချင်းပြည်နယ်က ခုခံတော်လှန်ရေးအတွက် ထောက်ပံ့ဖို့ ဖွင့်လှစ်ထားတဲ့ တူမီးထီ အပတ်စဉ် ၁၇ ကနေ ရရှိတဲ့ ငွေကျပ် ၂၄ သိန်းကို စီးယင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF – CDM Siyin ဆီကို ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ တူမီးထီက ထုတ်ပြန်ပါတယ်။
အပတ်စဉ် ၁၇ မှာ ထီအစောင်ရေ ၂၂၂ စောင်ရောင်းရကာ ဒေါ်လာ ၁,၁၁၀ ရရှိခဲ့ပြီး ဆုကြေးငွေနဲ့ အေးဂျင့်ခအတွက် ဒေါ်လာ ၃၁၀ ပေးခဲ့ရပြီး ကျန်ရှိတဲ့ ဒေါ်လာ ၈၀၀ (ကျပ် ၂၄သိန်း) ကို ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
တူမီးထီ လက်မှတ်တစောင်ကို ငါးဒေါ်လာနဲ့ ရောင်းချနေတာဖြစ်ပြီး အပတ်စဉ် ရရှိတဲ့ ရန်ပုံငွေတွေ ချင်းတော်လှန်ရေးအဖွဲ့တွေဆီပေးအပ်နေတာဖြစ်လို့ တော်လှန်ရေးပိုမိုအားကောင်းလာဖို့ ဝိုင်း၀န်းပံ့ပိုးကြဖို့ ပြောပါတယ်။
အပတ်စဉ် ၁၈ က ရလာမယ့် ရန်ပုံငွေတွေ မတူပီ CDF အဖွဲ့ဆီ ပေးအပ်သွားမယ်လို့ အသိပေးထားပြီး ပြီးခဲ့တဲ့ အပတ် ၁၆ ကရရှိ ရန်ပုံငွေတွေ CDF-မရာအဖွဲ့ဆီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လာမယ့် အပတ်စဥ် (၁၈) ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၈၅၀ နဲ့ စတင်မှာဖြစ်ပြီး ထီအစောင်ရေ ရောင်းရမှု အပေါ်မူတည်ပြီး ဆုကြေးငွေတိုးမယ်လို့ ဆိုပါတယ်။
ချင်းရန်ပုံငွေအဖွဲ့ CRFP ဟာ ချင်းတော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့ဖြည့်ဆည်းပေနေတဲ့ အဖွဲ့အစည်းဖြစ်သလို တူမီးထီကို ၂၀၂၂ခုနှစ်ကစပြီး ဖွင့်လှစ်ခဲ့ဝာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖွင့်လှစ်တဲ့ အောင်ဘာလေထီကို မထိုးချင်ကြတဲ့ ပြည်သူတွေအတွက်နဲ့ တော်လှန်ရေးကို ထောက်ပံ့အားပေးဖို့အတွက် တော်လှန်ရေးထီတွေပေါ်ပေါက်လာခဲ့တာဖြစ်ပြီးအဲဒီထီတွေဟာ အောင်လံလွှင့်ချီ နွေဦးထီ၊ တအာင်းထီ၊ တူမီးထီနဲ့ Thoo Lei ထီတို့ ဖြစ်ပါဝယ်။