Chin United FC U-21 ကစားသမား ရွေးချယ်ပွဲမှာ ဘယ်သူမဆို လာရောက်အရွေးခံနိုင်

မြန်မာနေရှင်နယ်လိဂ် လူငယ် (ယူ-၂၁).ပြိုင်ပွဲအား ချင်းပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မယ့် Chin United FC U-21 အသင်းတွင် ပါဝင်ကစား ခွင့်ရရှိဖို့ လူငယ်ကစားသမားများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ (၁)ရက်မှ (၂)ရက်ထိ ရွေးချယ်မှာဖြစ်ပါတယ်။

နေရာကတော့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ယန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ သုဝဏ္ဏ မြက်ခင်းတု လေ့ကျင့်ရေးကွင်း (Soccer House Cafe ဘေး) ၌ နံနက် ၈:၃၀ နာရီ အရောက် အားကစားဝတ်စုံ အပြည့်ဖြင့် လာရောက်ရွေးချယ်ခံနိုင်ပါတယ်။

ချင်းယူနိုက်တက်အသင်းဟာ ၂၀၁၉ MPT မြန်မာနေရှင်နယ်လိဂ် -၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိတဲ့အသင်းလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်