Chin Youth Forum – Aizawl ကျင်းပပြီး မကြာခင်မှာ ချင်းလူငယ်ကွန်ဂရက် (CYC) ဖွဲ့စည်းမယ်

မေ ၁၅ ၊ ၂၀၂၆

Zalen

Zalen ad

Chin Youth Forum – Aizawl ကိုပြီးခဲ့တဲ့ မေလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ ပြည်တွင်းပြည်ပရှိ ချင်းလူငယ်များက ကျင်းပခဲ့ကြပြီး အဆိုပါဖိုရမ်ကနေတဆင့် မကြာခင်မှာ ချင်းလူငယ်ကွန်ဂရက် ( Chin Youth Congress – CYC ) ကိုဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူငယ်များဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ တော်လှန်ရေးမှာ ပါဝင်မှုမြင့်တက်ခဲ့ပေမယ့် လူငယ်အဖွဲ့အစည်းများအားနည်းပြိုကွဲခဲ့ရပြီး လူငယ်များရဲ့အသံနဲ့ အခန်းကဏ္ဍများ လျော့နည်းပျောက်ဆုံးလာခဲ့တာကြောင့် လူငယ်များအကြားပိုမိုခိုင်မာတဲ့ ချိတ်ဆက်မှုနဲ့စုစည်းမှုတရပ် တည်ဆောက်နိုင်ရန် ဖိုရမ်မှထွက်ပေါ်လာတဲ့ အကြံပြုချက်နဲ့သဘောတူညီချက်များကိုအခြေခံပြီး ချင်းလူငယ်ကွန်ဂရက် ( Chin Youth Congress – CYC ) ကို ဆက်လက်ဖွဲ့စည်းသွားမယ်လို့ဆိုပါတယ်။

CYC ကိုဖွဲ့စည်းဖို့ရည်ရွယ်ချက်မှာ ချင်းလူငယ်များကိုပြန်လည်စုစည်းပေးမယ့် ဘုံပလက်ဖောင်းတခုအဖြစ် ရပ်တည်သွားမှာဖြစ်ပြီး လူငယ်များရဲ့အခက်အခဲ၊ စိန်ခေါ်မှုများကိုစုပေါင်းဖြေရှင်းရန်နဲ့ လူငယ်ထုရဲ့ရည်မှန်းချက် များကိုဖော်ဆောင်သွားရန်ဖြစ်တယ်လို့ဆိုပါတယ်။

ဖိုရမ်ကနေထွက်ပေါ်လာတဲ့အခြေခံမူကြမ်းများကို CYC working committee က အချောရေးဆွဲပြီး Assembly/ Conference တစ်ရပ်ကျင်းပကာ ယင်းမူကြမ်းများကိုအတည်ပြုပြီး Executive Committee ကိုရွေးချယ်ဖွဲ့စည်း သွားမယ်လို့ဆိုထားပါတယ်။

အဆိုပါဖိုရမ်ကို Hybrid ပုံစံဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး လူကိုယ်တိုင်တက်ရောက်နိုင်သူ ၂၅ ဦးနဲ့ အွန်လိုင်းဖြင့် တက်ရောက်သူ ၁၆ ဦး အားလုံးပေါင်း ချင်းလူငယ် ၄၁ ဦးတက်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒီဖိုရမ်အား အောင်မြင်စွာကျင်းပနိုင်ခြင်းမှာ ချင်းလူငယ်များရဲ့တက်ကြွစွာပါဝင်ခြင်းကြောင့်ဖြစ်ပြီး ဒီဖိုရမ်ဟာ လူငယ်အင်အားကို ပြန်လည်တည်ဆောက်နိုင်ရန် အရေးကြီးတဲ့ခြေလှမ်းတခုဖြစ်ပြီး ချင်းလူငယ်များရဲ့ အသံကို ပြည်တွင်းနဲ့နိုင်ငံတကာ အဆင့်အထိ ပိုမိုခိုင်မာစွာဖော်ဆောင်သွားရန် သန္နိဋ္ဌာန်ချမှတ်ထားတယ်လို့ ဆိုပါတယ်။

သတင်း – Mickey

#ChinYouthForum #Aizawl #ကျင်းပ #ချင်းလူငယ်ကွန်ဂရက်(CYC) #ဖွဲ့စည်း#Zalen

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်