PDF Kalay စခန်းကိုသိမ်းတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က ပြန်တိုက်လို့ တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်တော်သာကျေးရွာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ယနေ့ ဧပြီ ၁၃ ရက် မနက် ၁၀ နာရီခွဲကစပြီး နေ့လည် ၁ နာရီအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က PDF Kalay တပ်ရင်း ၃ စခန်းတစ်ခုကို ယမန်နေ့ ဧပြီ ၁၂ ရက်ဝင်ရောက်သိမ်းယူပြီး လက်နက်နဲ့ပစ္စည်းအများအပြားသိမ်းယူသွားကြပြီး စခန်းပါမီးရှို့ကြတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဒါကြောင့် လက်တုန့်ပြန်တဲ့အနေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်က စစ်ကောင်စီတပ်ကိုပြန်လည်တိုက်ခိုက်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးသံ အကြိမ် ၄၀ ကျော်ကြားရတယ်လို့ အနီးနားဒေသခံတွေထံကသိရတယ်။

ယနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်က အင်အား ၁၀၀ ဝန်းကျင်ရှိမယ်လို့ခန့်မှန်းရပြီး တိုက်ပွဲဖြစ်တဲ့အနီးတဝိုက် ကျေးရွာ ၆ ရွာကပြည်သူတွေဘေးလွတ်ရာသို့တိမ်းရှောင်ကြပါတယ်။

Zawgyi

PDF Kalay စခန္းကိုသိမ္းတဲ့ စစ္ေကာင္စီတပ္ကို ေဒသကာကြယ္ေရးပူးေပါင္းတပ္က ျပန္တိုက္လုိ႔ တိုက္ပြဲျပင္းထန္

စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ ျပည္ေတာ္သာေက်းရြာအတြင္း အာဏာသိ္မ္းစစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ေတြၾကား ယေန႔ ဧၿပီ ၁၃ ရက္ မနက္ ၁၀ နာရီခြဲကစၿပီး ေန႔လည္ ၁ နာရီအထိ တိုက္ပြဲျဖစ္ပြားေနတယ္လုိ႔သတင္းရရွိပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္က PDF Kalay တပ္ရင္း ၃ စခန္းတစ္ခုကို ယမန္ေန႔ ဧၿပီ ၁၂ ရက္ဝင္ေရာက္သိမ္းယူၿပီး လက္နက္နဲ႔ပစၥည္းအမ်ားအျပားသိမ္းယူသြားၾကၿပီး စခန္းပါမီးရိႈ႕ၾကတယ္လုိ႔ေဒသခံေတြထံကသတင္းရရွိပါတယ္။

ဒါေၾကာင့္ လက္တုန္႔ျပန္တဲ့အေနနဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္က စစ္ေကာင္စီတပ္ကိုျပန္လည္တိုက္ခိုက္ၿပီး တိုက္ပြဲအတြင္း လက္နက္ၾကီးသံ အၾကိမ္ ၄၀ ေက်ာ္ၾကားရတယ္လုိ႔ အနီးနားေဒသခံေတြထံကသိရတယ္။

ယေန႔တိုက္ပြဲမွာ စစ္ေကာင္စီတပ္ဖက္က အင္အား ၁၀၀ ဝန္းက်င္ရွိမယ္လုိ႔ခန္႔မွန္းရၿပီး တုိက္ပြဲျဖစ္တဲ့အနီးတဝိုက္ ေက်းရြာ ၆ ရြာကျပည္သူေတြေဘးလြတ္ရာသို႔တိမ္းေရွာင္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်