The Mindat Post

The Mindat Post was established on 30th November, 2021.

Mindat is one of the front leading townships which involved in the Spring Revolution against Burmese military dictatorship since the earliest timeline.

In that situation, the Military Council attacked the Chin State by cutting off all ties such as information, phone and internet lines in almost every part of the State, including Mindat.

As a result of those cutting ties, people of Mindat Township lost their access to information and many of them got blacked out of news on what’s happening in real world by the Military Council.

Due to the black out of news and information, it’s getting obviously worse in health, education and socio-economic conditions of local people in general.

In Mindat Township, the Military Council’s offensive approaches got worse after information was cut off. The Military Council is committing serious war crimes and human rights violations in Mindat.

The Mindat Post is presenting the news in both English and Myanmar versions so that other local and international communities know what’s happening in Mindat on a timely basis.

What’s more, the Mindat Post is presenting video documentaries about education, health, and socio-economic situations of Mindat people in well-prepared versions of both Chin (Mindat-Cho) and Myanmar languages.

The news in Mindat, Kanpetlet, Matupi, and Paletwa of Chin State, are being focusedly presenting.The Mindat Post has partnered with Radio NUG and Cho Radio to broadcast news on Short Wave Radio for Mindat ,Kanpetlet and Matupi areas where the information and communication were cut off by the military council.

Unicode

The Mindat Post သတင်းဌာနကိုနိုဝင်ဘာလ ၃၀ ၊ ၂၀၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာရှင်တော်လှန်ရေးကာလမှာ မင်းတပ်မြို့ဟာ တော်လှန်ရေးတပ်ဦးကနေ ပါဝင်ဦးဆောင် ခဲ့တဲ့ မြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ စစ်ကောင်စီက မင်းတပ်မြို့အပါအဝင် ချင်းပြည်နယ် တစ်ခုလုံး နီးပါးကို သတင်းအချက်အလက်တွေ ၊ တယ်လီဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။

ဒီလို ဖြတ်တောက်မှုတွေကြောင့် မင်းတပ်မြို့နယ် ပြည်သူလူထု ဟာ သတင်းအချက်အလက်တွေ ပြတ်တောက်ပြီး ပြည်သူလူထုတော်တော်များများ ဟာ စစ်ကောင်စီရဲ့ သတင်းအမှောင်ချခြင်းခံခဲ့ကြရပါတယ်။
သတင်းအချက်အလက် ပြတ်တောက်မှုကြောင့် ပြည်သူလူထုရဲ့ ကျန်းမာရေး ၊ ပညာရေး နဲ့ လူမှုစီးပွားရေး အခြေအနေ အထွေထွေ ဟာ ယခင်ထက် ပိုမို ဆုတ်ယုတ်လာခဲ့ရပြီ ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်မှာ သတင်းအချက်အလက်တွေ ဖြတ်တောက်ပြီး နောက် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်စေးချိုးဖောက်မှုတွေကို မင်းတပ်မြို့နယ် အတွင်းမှာ
အကြီးအကျယ် ကျူးလွန်လျက်ရှိပါတယ်။

မင်းတပ်မြို့နယ်အတွင်းက ဒီလို အခြေအနေတွေကို နိုင်ငံတကာ နဲ့ မြန်မာပြည်တွင်းက ပြည်သူတွေသိအောင် The Mindat Post က အင်္ဂလိပ်/မြန်မာ နှစ် ဘာသာနဲ့ သတင်းတွေ ရေးသားတင်ဆက်လျက်ရှိပါတယ်။ မင်းတပ် ပြည်သူတွေ ရဲ့ လူမှု စီးပွားရေး ၊ ကျန်းမာရေး နဲ့ ပညာရေး အကြောင်းတွေကိုလည်း Video သတင်းတွေ ၊ Documentary တွေ ရိုက်ကူး ၊ တည်းဖြတ် ပြီးဒေသတွင်း ချင်း(မင်းတပ်-ချိုး) ဘာသာစကား နဲ့ မြန်မာဘာစကား ပူးတွဲ တင်ဆက်လျက်ရှိပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် ၊ ကန်ပက်လက်မြို့နယ် ၊ မတူပီမြို့နယ် နဲ့ ပလက်ဝ မြို့နယ် က သတင်း တွေကို အဓိက ထားပြီး တင်ဆက်လျက်ရှိပါတယ်။

သတင်းအချက်အလက် ပြတ်တောက်နေတဲ့ မင်းတပ် ၊ ကန်ပက်လက် ၊ မတူပီ ဒေသတွေအတွက်
The Mindat Post ဟာ Radio NUG နဲ့ Cho Radio တို့နဲ့ ပူးပေါင်းပြီး Short Wave Radio စနစ်နဲ့ သတင်းတွေ ထုတ်လွှင့်လျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်