၂၀၊ နိုဝင်ဘာ ၊၂၀၂၃
Zalen
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ အကျဥ်းဦးစီးစခန်း ၄ ခုကို TNLA နဲ့ Mandalay PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ လက်နက်အများအပြား သိမ်းဆည်း ရမိခဲ့တယ် လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဌာနက ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုန်ပြန်လိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ လွင်ကြီး အကျဥ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ခိုဟို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း (၄) ခုတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ ပူးပေါင်းတပ်တို့ က တိုက်ခိုက် သိမ်းပိုက်ခဲ့ တယ်လို့ သိရပါတယ်။
၎င်း တိုက်ပွဲများအတွင်း ပူးပေါင်းတပ်တို့ မှ MA-11 (၅၀) လက်၊ MA-12 (၉) လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ တယ်လို့ သိရပါတယ်။
Grace