TNLA  နဲ့ Mandalay PDF ပူးပေါင်းတပ်တို့က အကျဥ်းဦးစီးစခန်း (၄) ခုသိမ်းပိုက်ကာ  လက်နက်အများ အပြားသိမ်းဆည်းရမိ

၂၀၊ နိုဝင်ဘာ ၊၂၀၂၃

Zalen

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ အကျဥ်းဦးစီးစခန်း ၄ ခုကို TNLA  နဲ့ Mandalay PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ လက်နက်အများအပြား သိမ်းဆည်း ရမိခဲ့တယ် လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဌာနက ဒီကနေ့  နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုန်ပြန်လိုက်ပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ လွင်ကြီး အကျဥ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ခိုဟို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း (၄) ခုတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ ပူးပေါင်းတပ်တို့ က တိုက်ခိုက် သိမ်းပိုက်ခဲ့ တယ်လို့ သိရပါတယ်။

Zalen ad

၎င်း တိုက်ပွဲများအတွင်း ပူးပေါင်းတပ်တို့ မှ MA-11 (၅၀) လက်၊ MA-12 (၉) လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ တယ်လို့ သိရပါတယ်။

Grace

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်