ကဆုန်လပြည့် လွတ်ငြိမ်းခွင့်မှာ စစ်ကောင်စီက အကျဉ်းသား ၁,၅၀၀ ကျော် လွတ်ပေး

ဧပြီ ၃၀၊ ၂၀၂၆
Zalen

ဒီနေ့ ဧပြီလ ၃၀ ရက် ကဆုန်လပြည့်နေ့ မှာ စစ်ကောင်စီက အကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ လွတ်ငြိမ်းခွင့်ရသူတွေထဲမှာ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁,၅၀၈ ဦးနဲ့ နိုင်ငံခြားသား ၁၁ ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ယခင်ကျန်ရှိသော ပြစ်ဒဏ်တွေကို ပါ ပေါင်း၍ ကျခံရမည်” လို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) နဲ့ လွှတ်ပေးတာဖြစ်ပါတယ်။

Zalen ad

နိုင်ငံခြားသားတွေကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးပြီးနောက် ပြည်နှင်ဒဏ် ပေးမှာဖြစ်ပါတယ်။

အဲဒီ လွတ်ငြိမ်းခွင့်အပြင် ဒီနေ့မတိုင်မီ ပြစ်ဒဏ်ကျခံနေရသူတွေကိုလည်း ပြစ်ဒဏ်ရဲ့ (၆) ပုံ (၁) ပုံ လျှော့ပေါ့ပေးဖို့ ကြေညာထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က အကျဉ်းသား ၄,၀၀၀ ကျော် လွှတ်ပေးခဲ့ပါတယ်။

စစ်ကောင်စီက အခုတကြိမ်မှာလည်း မည်သည့်အမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူတွေကို လွှတ်ပေးတာကို အသေးအစိတ် ဖော်ပြထားတာ မရှိသေးပါဘူး။

ဒါ့ကြောင့် မိသားစုဝင်တွေ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်သူတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

“လွတ်ငြိမ်းခွင့်ပေးတိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အမှန်တကယ် ပါဝင်လာဖို့ထက် အရေအတွက်ပြပြီး နိုင်ငံတကာ ဖိအားတွေကို လျှော့ချဖို့ ကြိုးစားတာမျိုး ဖြစ်နေတတ်တယ်” လို့ အကျဉ်းသားအရေးအကျဥ်းသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ စာရင်းကို အတည်ပြုနိုင်ဖို့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်

အကျဉ်းသား#လွတ်ငြိမ်းခွင့်ရ#ကဆုန်လပြည့်#Zalen

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်