လာမယ့်နှစ်မှာ BIMSTEC အတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူမယ်

ဇွန် ၂၃၊ ၂၀၂၆
Zalen

လာမယ့်နှစ်မှာ ဘင်္ဂလားပင်လယ်အော်အဖွဲ့အစည်းဖြစ်တဲ့ BIMSTEC ရဲ့ အတွင်းရေးမှူးချုပ် တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ပိုပြီးပွင့်လင်းလာပြီဖြစ်သလို၊ BIMSTEC အဖွဲ့အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ပြီးတိုးမြှင့်သွားမယ်လို့ BIMSTEC အတွင်းရေးမှူးချုပ် အိန္ဒြာမနီပန်ဒေး (Mr. Indra Mani Pandey) က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လာရောက်ဂါရဝပြု တွေ့ဆုံတဲ့အချိန်မှာ သူက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

Zalen ad

ဒီတွေ့ဆုံမှုမှာ BIMSTEC အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာနဲ့ သမ္မတအဖြစ် ရွေးကောက်ခံရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ BIMSTEC အဖွဲ့ဝင်တွေထဲမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။

မကြာခင်မှာလည်း ထိပ်သီးအစည်းအဝေးတွေနဲ့ ဒေသတွင်းလှုပ်ရှားမှုတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမြှင့်တင်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း BIMSTEC အဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုးမရှိဘဲ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်တဲ့ ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အကောင်းဆုံး ကြိုးပမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

နှစ်ဖက်ဆွေးနွေးမှု အနှစ်ချုပ်အနေနဲ့ လာမယ့်နှစ်မှာ မြန်မာနိုင်ငံက BIMSTEC အတွင်းရေးမှူးချုပ် တာဝန်လွှဲပြောင်းရယူမယ့်ကိစ္စ၊ တာဝန်ယူချိန်မှာ လုပ်ငန်းတွေ ပိုပြီးထိရောက်အောင် လုပ်ဆောင်မယ့် အခြေအနေတွေအပြင် အဖွဲ့ဝင်နိုင်ငံတွေထဲက ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်တဲ့ နီပေါနဲ့ ဘူတန်နိုင်ငံတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းကူညီဖို့နဲ့၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတွေ ပိုကောင်းလာစေရေး ကိစ္စရပ်တွေကိုပါ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Emily

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းကို ထိုးစစ်ဆင်နေတဲ့ ဒါဏ်ရာရ ပျူစောထီးများဆေးဝါးကုသမှုမရရှိလို့ သေဆုံးမှုများပြား

ဇွန် ၂၃၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တောင်ပိုင်း ကလေး-တမူးလမ်းပိုင်းကို ထိုးစစ်ဆင်နေတဲ့ပျူစောထီးများ အထိနာနေပြီး ဒါဏ်ရာရရှိတဲ့ များ ဆေးဝါကုသခွင့်မရဘဲ သေဆုံးမှုများပြားနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့ကနေ စစ်ကောင်စီတပ်က တမူး-ကလေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ...

ဆက်ဖတ်ရန်