ကပ်တဲလ်ရွာမှာ ဇနီးဘက်ကဆွေမျိုးတွေရိုက်သတ်လို့ ခင်ပွန်းသေဆုံး

ဇနီးဘက်က ဆွေမျိုးတွေရိုက်နှက်လို့ ခင်ပွန်းဖြစ်သူသေဆုံးသွားရတဲ့ လူသတ်မှုဖြစ်စဉ်တစ်ခု ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်( Kaptel) ကျေးရွာမှာ ဖြစ်ပွားခဲ့ပါတယ်။

ကပ်တဲလ်ရွာသား ဦး Pau Lian Mang မှာ ဇနီးနဲ့အတူ မကြာသေးခင်က သားသမီးရတနာဖွားမြင်ထားသူဖြစ်ရာ လင်မယားကိစ္စနဲ့စိတ်ကောက်ကြပြီးနောက် ဇနီးက ကလေးနဲ့အတူ မိဘများနေအိမ်ဆင်းသွားခဲ့တာလို့ ဆိုပါတယ်။

ယင်းအတွက်ကြောင့် ဖေဖော်ဝါရီ ၂၁ ရက်မှာ အိမ်ပေါ်မှဆင်းသွားတဲ့ ဇနီးကိုပြန်ချော့မော့ခေါ်ဖို့ ယောက္ခမတွေဆီ ဦး Pau Lian Mang သွားခဲ့ရာကနေ ရန်ဖြစ်ကြပြီး ရိုက်သတ်ခံလိုက်ရတာလို့ မျက်မြင်တွေဆီက သိရပါတယ်။

သူတို့လင်မယားကြား ကြီးကြီးကျယ်ကျယ်ရန်ဖြစ်ပွားမှုတွေမရှိပေမယ့် အခန့်မသင့်စိတ်ကောက်သွားတာမျိုးသာရှိတတ်တယ်လို့ လည်း အနီးပတ်ဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။

ဒါပေမယ့် ယောက္ခမတွေဘက်က သမီးဖြစ်သူနဲ့ ဦး Pau Lian Mang ကို သဘောမတူတဲ့ပုံစံမျိုးဖြစ်ကြောင်း ပတ်ဝန်းကျင်အတွင်းသတင်းသိသူတွေဆီက သိရပြီး ပြန်ချော့ခေါ်တဲ့နေ့က ယောက္ခမကိုယ်တိုင် “အဲဒီကောင်ကို သတ်ပစ်လိုက်” ဆိုပြီး ပြောခဲ့တာကနေ ယောက္ခမတွေဘက်က အမျိုးသား ၃ ယောက်တို့ကနေ ရိုက်သတ်လိုက်တာလို့ ဒေသတွင်းသတင်းမီဒီယာကလည်း အတည်ပြုထားပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်ကြောင့် ကျူးလွန်သူတွေဘက်က တောင်းပန်မှုကို ထုံးစံနဲ့အညီ ဝက်တစ်ကောင်နဲ့ ဆန်တစ်အိမ် ကန်တော့ခဲ့ကြေအေးစေခဲ့တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်