ကလေးမြို့တွင် ဒီနေ့ စစ်တပ်လေယာဉ် ၃ ကြိမ်ဆင်းသက်

ခရီးသည်လေယာဉ်တွေရပ်နားထားတဲ့ ကလေးမြို့လေဆိပ်မှာ ဒီနေ့ ဇူလိုင် ၂၁ ရက်တွင် စစ်တပ်သုံးလေယာဉ် ၃ ကြိမ်ဆင်းသက်သွားတယ်လို့ သတင်းရရှိပါတယ်။

ယင်းလေယာဉ်ဟာ စစ်တပ်သုံး အရပ်ဖက်လေယာဉ်ဖြစ်ပြီး ဒီမနက် ၉ နာရီခန့်တွင် တကြိမ်၊ နေ့လည် ၁ နာရီခန့်တွင် တကြိမ်၊ ညနေ ၅ နာရီတွင် တကြိမ်ဆင်းသက်ကြပါတယ်။

လေယာဉ်ကွင်းအနီးမှာနေထိုင်သူတစ်ဦးက “လေယာဉ်ဆင်းတဲ့ချိန်မှာ လေဆိပ်အရှေ့ပေါက်ကနေ စစ်ကား အကြီး ၅ စီးဝင်ပြီးတော့ ပစ္စည်းတွေတင်ပြီးသွားတော့ အနောက်ပေါက်ကနေ စစ်တပ်ဆေးရုံကိုဝင်သွားကြတယ်။ ပစ္စည်းကတော့ ကြပ်ဖာတွေနဲ့ဆိုတော့ဘာမှမသိရဘူး။ ကြပ်ဖာတွေက ၂ ပေခွဲလောက်ရှိတယ်။ ကျနော်ထင်တာကတော့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေဖြစ်မယ်ထင်တယ်။ မနက်ဖြန်လည်း ပိုက်ဆံတွေတင်တဲ့ လေယာဉ်ထပ်ဆင်းဖို့ရှိတယ်” လို့ပြောပါတယ်။

ဇူလိုင်လကစပြီး ကလေးမြို့သို ခရီးသည်တင်လေယာဉ်ဆင်းသက်တာရပ်ဆိုင်းထားပါတယ်။
ဒါ့ပြင် ဒီနေ့နေ့လည် ၁ နာရီခန့်တွင် မင်းတပ်မြို့အနီး မကွေးတိုင်း ကျောက်ထုလေယာဉ်တွင် စစ်တပ်သုံး အရပ်ဖက်လေယာဉ် တစ်စီး ဆင်းသက်သွားတယ်လို့သတင်းရရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်